Connect with us

Media

ကူဝိတ်နိုင်ငံ၌ ကားဖြင့် တိုက်ရိုက် မောင်းဝင်၍ ကာကွယ်ဆေးထိုးနိုင်မည့် ဆေးထိုးစင်တာ ဖွင့်လှစ်

ကူဝိတ်စီးတီး၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ကူဝိတ်နိုင်ငံ ကူဝိတ်စီးတီးတွင် မကြာသေးမီက တစ်နိုင်ငံလုံးရှိ COVID-19 ကာကွယ်ဆေးထိုးနှံမည့် ပြည်သူများအတွက် နိုင်ငံ၏ပထမဆုံးကားဖြင့်တိုက်ရိုက်မောင်းဝင်၍ ကာကွယ်ဆေးထိုးနှံနိုင်မည့် ကာကွယ်ဆေးထိုးစင်တာကြီးတစ်ခုကို ဖွင့်လှစ်ခဲ့သည်။

စင်တာထဲတွင် ဆေးခန်းများ၊ အရေးပေါ်အခန်းများကိုလည်းထည့်သွင်းတည်ဆောက်ထားပြီး Kuwait Oil Company (KOC) နှင့် အခြား အစိုးရ အဖွဲ့အစည်းများက ကမကထ ပြုလုပ်ကာ တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းသည် နိုင်ငံအတွင်း အကြီးဆုံး ကာကွယ်ဆေးထိုးစင်တာများအနက် တစ်ခုအပါဝင် ဖြစ်သည်။

စင်တာတစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်းမီတာပေါင်း ၃၀,၀၀၀ နီးပါး ရှိပြီးဆေးထိုးပေးသည့် အခန်းငယ်ပေါင်း ၂၀ ထည့်သွင်းထားသည်။ ထိုစင်တာ၌ ဆေးဘက်ဝန်ထမ်းပေါင်း ၂၀၀ ကျော်တာဝန်ယူ၍ တပြိုင်နက် ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ရာ လူပေါင်း ၈၀ ခန့်အတွက် ကြာချိန် ၃ မိနစ် မှ ၄ မိနစ်အတွင်း သာ ရှိကြောင်း သိရသည်။

စင်တာသို့ တစ်ရက်လျှင် ကားအစင်းရေပေါင်း ၅ထောင်ခန့် ဝင်ရောက်ကာ COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရန် စီစဉ်ပေးထားကြောင်းသိရသည်။ (Xinhua)

……………………………….
Kuwait opens 1st drive-thru COVID-19 vaccination center

KUWAIT CITY, (Xinhua) — Kuwait inaugurated on Sunday a drive-through vaccination center to speed up nationwide inoculation.

Located at Sheikh Jaber Al-Ahmad Al-Sabah Causeway in the capital Kuwait City, it is the first drive-through vaccination center in Kuwait, representing the continuous efforts of the Ministry of Health to accelerate vaccination in the Arab country, the ministry spokesman Abdullah Al-Sanad said.

Equipped with clinics and emergency chambers, and built by the Kuwait Oil Company (KOC) and other government institutions, it is also one of the largest vaccination centers in the country, Al-Sanad added.

The center covers an area of nearly 30,000 square meters and comprises 20 booths, enabling around 80 people to be vaccinated within three to four minutes by 200 medical workers, according to the spokesman.
Muhammad al-Ahmad, an engineer of KOC, said the center is designed to handle up to 5,000 cars per day. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.