Media
စမတ်နည်းပညာများ၊ ဒစ်ဂျစ်တယ်နည်းပညာများဖြင့် အဆင့်မြှင့်တင်ထားသည့်တရုတ်နိုင်ငံမှဆေးရုံများ
ဟန်ကျိုး၊ မေ ၂၄ ရက် (ဆင်ဟွာ)
5 G ကွန်ရက်ဖြင့် ချိတ်ဆက်ထားသည့် လူနာတင်ယာဉ်များ၊ ဆေးဝါးအထောက်အပံ့များ ပို့ဆောင်ပေးသည့် ဒရုန်းများ နှင့် ရွေ့လျားစကင်ဖတ်စက်များကို တရုတ်နိုင်ငံ ကျဲ့ကျန်းရှိ ဆေးရုံများတွင် တပ်ဆင်ကာ အဆင့်မြှင့်တင်ထားကြောင်း သိရသည်။ ထိုဆေးရုံများထဲမှ ကျဲ့ကျန်းဆေးပညာတက္ကသိုလ်တွင် ၂၄ နှစ်ကြာတာဝန်ထမ်းဆောင်လျက်ရှိသည့် ယီမင်လူမျိုး ဒေါက်တာ Ammar Al-Baadani က နောက်ဆုံးပေါ်နည်းပညာများနှင့် ဆေးဘက်ဆိုင်ရာကဏ္ဍတွင်မည်သို့ သောခေတ်မီပစ္စည်းကိရိယာများ အသုံးပြုထားပုံကို ရှင်းလင်းတင်ပြထားပါသည်။ (Xinhua)