Connect with us

Media

တရုတ်နိုင်ငံက ကန်းစုပြည်နယ်တွင် ကျေးရွာနေပြည်သူများအတွက် 4G ကွန်ရက် အခြေစိုက်စခန်းများအား အချိန် ၄ ရက်အတွင်းဆောက်လုပ်ပေး

လန်ကျိုး၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အနောက်မြောက်ပိုင်း တောတောင်ထူထပ်သည့်ဒေသတွင်နေထိုင်သော အိမ်ထာင်စု ၁၂ ခု အတွက် တရုတ် ကောင်တီအစိုးရအာဏာပိုင်များက ဆက်သွယ်ရေးအခြေစိုက်စခန်းတစ်ခုကို အချိန် ၄ ရက်အတွင်းအပြီးတည်ဆောက် ပေးခဲ့ကြောင်းသိရသည်။

ကန်းစုပြည်နယ် ဟွေ့နင်းကောင်တီ လွီကော ကျေးရွာတွင် ဝမ်ကောင်းတုန်း ဆိုသူသည် မိုဘိုင်းဖုန်းလိုင်းပင်မမိသည့်အခြမ်းတွင်နေထိုင်ရသူဖြစ်သည်။
ဝမ်နှင့်အတူ အခြားမိသားစု ၁၁ ခုသည်လည်း တောင်ပတ်လည်ဝန်းရံထားသည့် နေအိမ်များတွင်နေထိုင်သောကြောင့် ဖုန်းလိုင်းလုံးဝ မမိချေ။သို့ရာတွင် ဝမ် ၌ ကျောရိုးဆိုင်ရာ ရောဂါဖြစ်ပွားချိန်တွင် ဆေးခန်းသွားရောက်ပြသရန်အတွက် ဆက်သွယ်ရေးစနစ်လိုအပ်လာခဲ့သည်။

ဝမ်၏ အကိုဖြစ်သူက “ကျွန်တော့် ညီလေးအတွက်ဆရာဝန်ပြဖို့တောင်ခက်ခဲခဲ့ပါတယ်။ သူ့မှာ ဆရာဝန်ဆီဖုန်းခေါ်တာ မက်ဆေ့ပို့တာတွေလည်းလုပ်လို့မရဘူး” ဟုဆိုသည်။ကံကောင်းထောက်မစွာဖြင့် ဝမ်၏ ဆရာဝန် က ဒေသခံအစိုးရနှင့် တယ်လီကွန်းဆက်သွယ်ရေးအော်ပရေတာများအား အကြောင်းကြားခဲ့ရာ ဆက်သွယ်ရေးအခြေစိုက်စခန်းတစ်ခု ချက်ချင်း‌လာရောက် တည်ဆောက်ပေးခဲ့ကြသည်။

China Mobile မှ ဟွေ့နင်းစီရင်စု လက်ထောက်မန်နေဂျာ He Hongtong က “ဟွေ့နင်းစီရင်စုအစိုးရက ချက်ချင်းရောက်လာပြီးတော့ ဘယ်လိုလုပ်ပေးနိုင်မလဲလာကြည့်တယ်၊ နောက်တော့ ဝမ်ရဲ့ အခြေအနေကို သဘောပေါက်သွားပြီး China Mobile, China Telecom နဲ့ China Unicom တို့နှင့်ချိတ်လိုက်တယ်၊ ဒီဒေသမှာ ဆဲလ်ဖုန်းလိုင်းမမိတဲ့ပြဿနာဖြစ်နေတာသဘောပေါက်သွားပြီးတော့ ညတွင်းချင်းအမြန်ဆုံးဆောက်လုပ်ရေးအစီအစဉ်ကိုစခဲ့တယ်၊ ကျွန်တော်တို့ကုမ္ပဏီကလည်း သက်ဆိုင်ရာတာဝန်ရှိသူကိုဆဲလ်ဖုန်းလိုင်းတွေစစ်ဆေးဖို့မြေပြင်ကို လွှတ်ပေးခဲ့တယ်” “ကျွန်တော်တို့ တစ်ပတ်အတွင်းပြဿနာကိုဖြေရှင်းနိုင်ဖို့အစီအမံချခဲ့တယ်။ ပြီးတော့ ဒီရွာအတွက် 4G အင်တာနက်ဆက်သွယ်ရေးကွန်ရက်ရရှိဖို့ဆောင်ရွက်ပေးခဲ့ပါတယ်။” ဟုဆိုသည်။ ၄ ရက်အကြာတွင် တောင်စောင်းတစ်နေရာ၌ 4G ကွန်ရက်ဆက်သွယ်ရေးတာဝါတိုင်တစ်ခုတည်ဆောက်ပြီးစီးခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးပြဿနာတွေဖြေရှင်းပေးလို့ အစိုးရနှင့် China Mobile ကို သိပ်ကျေးဇူးတင်တာပါပဲဗျာ” ဟု ဝမ်ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.