Connect with us

Media

တရုတ်နိုင်ငံထုတ်စစ်ဘက်သုံး ဝန်အားမြင့်သယ်ယူပို့ဆောင်ရေး လေယာဉ် Y-20 အား ငြိမ်းချမ်းရေးစစ်ရေးလေ့ကျင့်မှု ၌ထုတ်ဖော်

အော်ရန်ဘတ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO အဖွဲ့ဝင်နိုင်ငံများ ၏ အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး ဆိုင်ရာစစ်ရေးလေ့ကျင့်မှု “Peace Mission 2021” “ ငြိမ်းချမ်းရေးစစ်ရေးလေ့ကျင့်မှု ၂၀၂၁” တွင် ပါဝင်လေ့ကျင့်မည့် တရုတ်နိုင်ငံမှ တပ်ဖွဲ့ဝင်များအားလုံးသည် ပြီးခဲ့သည့် သောကြာနေ့တွင် ရုရှားနိုင်ငံ အော်ရန်ဘတ်မြို့ရှိ လေ့ကျင့်ရေးကွင်းသို့ရောက်ရှိခဲ့ကြသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် တရုတ်နိုင်ငံထုတ် စစ်ဘက်သုံး ဝန်အားမြင့်သယ်ယူပို့ဆောင်ရေး လေယာဉ် Y-20 အား ငြိမ်းချမ်းရေးစစ်ရေးလေ့ကျင့်မှု၌ ထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။
စစ်ရေးလေ့ကျင့်မှုအား အော်ရန်ဘတ်မြို့တွင် စက်တင်ဘာ ၁၁ ရက်မှ ၂၅ ရက်အထိကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံအပါအဝင် SCO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ရုရှား၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန် နှင့် ဥစဘက်ကစ္စတန် နိုင်ငံတို့ ပါဝင် ကြ သည်။
Y-20 ဝန်အားမြင့်သယ်ဆောင်ရေးလေယာဉ်အား တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်၌ စတင်အသုံးပြုချိန်ကတည်းက ဆေးဘက်ဆိုင်ရာဆရာဝန်များကိုသယ်ယူပို့ဆောင်ခြင်း၊ နိုင်ငံ၏ COVID-19 ဆိုးဝါးစွာဖြစ်ပေါ်နေသည့်ဒေသများသို့ အထောက်အပံ့ပစ္စည်းများပို့ဆောင်ခြင်းနှင့် အခြားကယ်ဆယ်ရေးလုပ်ငန်းများစွာအပါအဝင် မစ်ရှင်များစွာတွင် ဆောင်ရွက်ခဲ့သည်။
တရုတ်လေသူရဲတစ်ဦးဖြစ်သည့် Chang Xianjun “ ဒီနယ်စပ်ဖြတ်ကျော်ပျံသန်းမှုလေကြောင်း ခရီးစဉ်ဟာ ၁၀,၀၀၀ ကီလိုမီတာကျော်အထိ လမ်းခရီးမှာ လောင်စာဆီဖြည့်တင်းမှုကလွဲလို့ လုံးဝ ရပ်တန့်ခြင်းမရှိ ပျံသန်းခဲ့ရပါတယ်။ နေ့ ည မဟူပျံသန်းခဲ့တာကြောင့် တကယ့်စစ်မြေပြင်မှာ စစ်ရေးဆောင်ရွက်နေရသလိုပါပဲ။ ဒီလေကြောင်းလေ့ကျင့်မှုကY-20 ဝန်အားမြင့်သယ်ဆောင်ရေးရဟတ်ယာဉ်ရဲ့ ပျံသန်းနိုင်ခြေနဲ့ အာမခံချက်ကောင်းကောင်းပေးနိုင်မှုတို့ကို အပြည့်အဝ သရုပ်ပြနိုင်ခဲ့ပါတယ်။ လေယာဉ်မှူးတစ်ယောက်အနေနဲ့ကျွန်တော်တို့နိုင်ငံထဲမှာ ဒီဇိုင်းထုတ်လုပ်ထားတဲ့ ဒီလေယာဉ်ကြီးကိုမောင်းနှင်ပြီး ခရီးစဉ်သစ်တွေထွက်ခွါနိုင်တဲ့အပြင်စိန်ခေါ်မှုအသစ်တွေကို ပါ ရင်ဆိုင်နိုင်တာမို့သိပ်ပြီးတော့ ဂုဏ်ယူမဆုံးဖြစ်မိပါတယ်” ဟုဆိုသည်။
တရုတ်နိုင်ငံ၏ လေယာဉ်ထုတ်လုပ်မှုကော်ပိုရေးရှင်း (AVIC) မှ ထုတ်လုပ်ထားသည့် Y-20 ဝန်အားမြင့်သယ်ဆောင်ရေးလေယာဉ်သည် အလေးချိန်အားဖြင့် အများဆုံး တန်ချိန် ၂၀၀ ဝန်းကျင်ကို သယ်ဆောင် ကာ ပျံတက်ထွက်ခွါနိုင်သည်။ ၂၀၁၃ ခုနှစ်တွင် စမ်းသပ်ပျံသန်းမှုများပြုလုပ်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင် ၆ရက်တွင် တရုတ်လေတပ်မှ စတင်အသုံးပြုခဲ့သည်။ Y-20 ဝန်အားမြင့်သယ်ဆောင်ရေးလေယာဉ် အား ဒဏ္ဍာရီလာ အဝေးဆုံးပျံသန်းနိုင်သည့် ငှက်တစ်မျိုး၏ အမည် “Kunpeng,” ဟု အမည်ဝှက် ပေးထားကြောင်း သိရသည်။
“Peace Mission 2021” “ ငြိမ်းချမ်းရေးစစ်ရေးလေ့ကျင့်မှု ၂၀၂၁” တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ တပ်ဖွဲ့ဝင်ပေါင်း ၄,၀၀၀ ခန့်ပါဝင်မည်ဖြစ်ပြီးထိုအထဲတွင် တရုတ်နိုင်ငံမှ တပ်ဖွဲ့ဝင် ၅၅၈ ဦးမှာပါဝင်မည်ဖြစ်သည်။
တရုတ်နိုင်ငံမှ ပါဝင်မည့် တပ်ဖွဲ့ဝင် ပထမ အသုတ်သည် ရုရှားနိုင်ငံသို့ တနင်္လာနေ့တွင်ရထားဖြင့် ရောက်ရှိခဲ့သည်။ ၎င်းတို့၏ ရထားခရီးစဉ် အကွာအဝေးမှာ ကီလိုမီတာ ၆,၃၀၀ ရှိရာ စစ်ရေးလေ့ကျင့်မှုလာရောက်သည့် စစ်သည်များအတွက် အရှည်လျားဆုံးခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။ (Xinhua)
………………………..
(English Version)
GLOBALink | China’s Y-20 heavy transport aircraft debuts at SCO “Peace Mission 2021”
ORENBURG, Russia, Sept. 10 (Xinhua) — All Chinese troops participating in the “Peace Mission 2021,” a counter-terrorism military exercise for Shanghai Cooperation Organization (SCO) member states, arrived at the training range in Orenburg, Russia on Friday.

The drill is set to be held in Orenburg from Sept. 11 to 25. The participants are from eight SCO member states, including China, Russia, Kazakhstan, Tajikistan, Kyrgyzstan, India, Pakistan, and Uzbekistan.
Since its deployment in the PLA air force, Y-20 heavy transport aircraft have participated in multiple missions including the transportation of medical personnel and supplies to COVID-19-hit areas in the country and other humanitarian relief tasks.

Designed and manufactured by the state-owned Aviation Industry Corporation of China (AVIC), the Y-20 has a maximum takeoff weight of around 200 tonnes.
It made its maiden flight in January 2013, and joined China’s air force on July 6, 2016.
Y-20 is officially codenamed “Kunpeng,” after a mythical bird that could fly vast distances.

The participating troops consist of around 4,000 military personnel, among which 558 are from China.
The first Chinese group transported by rail arrived on Monday. The journey is the longest one of its kind, covering a distance of 6,300 kilometers. Enditem
Produced by Xinhua Global Service