Connect with us

Media

တရုတ်နိုင်ငံ၏ ပထမဆုံး အလုံးစုံ အလိုအလျောက်နည်းပညာသုံး ကုန်သေတ္တာတင်ဆိပ်ကမ်း

ရှမန်၊ ဇွန်၂၃ ရက် (ဆင်ဟွာ)

ရှမန်ယွမ်ဟိုင်းကုန်သေတ္တာတင်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ ပထမဆုံး အလုံးစုံအလိုအလျောက်စနစ်ဖြင့် လှုပ်ရှားဆောင်ရွက်ပေးသည့် ဆိပ်ကမ်းတစ်ခုဖြစ်ပြီး နောက်ဆုံးပေါ် 5G ကွန်ရက်နည်းပညာကိုအသုံးပြု ထားသည်။ ဖူကျန့်ပြည်နယ်အရှေ့ပိုင်းတွင် တည်ရှိသည့် အဆိုပါ ဆိပ်ကမ်းသည် ၂၀၁၁ ခုနှစ်တွင် တရုတ်ပြည်တွင်းဖြစ်နည်းပညာများဖြင့်တပ်ဆင်ထားသည့် ကုန်သေတ္တာတင်ဆိပ်ကမ်းတစ်ခုဖြစ်သည်။ 5G ကွန်ရက် နည်းပညာကို အသုံးပြုထားသောကြောင့် အလိုအလျောက်ဆိပ်ကမ်း လည်ပတ်မှုတွင် ဆက်သွယ်ရေးဝန်ဆောင်မှု၌ များစွာအထောက်အကူပြုသည်။

Xiamen Ocean Gate Container Terminal Co.,ltd မှ ကူးသန်း‌ရောင်းဝယ်ရေးအထွေထွေမန်နေဂျာ ဖြစ်သူPan Yaopan က “အဆင့်မြင့်နည်းပညာများစွာကို အသုံးပြုထားတာ‌ကြောင့် လုပ်သားအင်အားကိုချွေတာရာ ရောက်တဲ့အပြင် လုပ်ငန်းလည်ပတ်ရာမှာလည်းဘေးကင်းလုံခြုံစေပါတယ်။ အခုဆိုရင် 5G ကွန်ရက်နည်းပညာ ကို ကျွန်တော်တို့ရဲ့ ဒုတိယမျိုးဆက် အလိုအလျောက်ညွှန်ကြားမှုပေးနိုင်တဲ့ ယန္တရားတွေနဲ့ ချိတ်ဆက်လိုက်ပါပြီ။ ဒါကြောင့်မို့ကွန်တိန်နာဆိပ်ကမ်းဟာပြီးခဲ့တဲ့ ၅ နှစ်အတွင်း ၄ခေါက်ချိုးလောက် လုပ်ငန်းတိုးတက်လာပြီးတော့ ဥရောပ၊မြေထဲပင်လယ်ဒေသ၊အမေရိကန်တစ်ဝိုက်၊ သြစ‌တြေးလျနှင့် အရှေ့တောင်အာရှ ဒေသများအထိ သင်္ဘောတင်ပို့ခြင်းဝန်ဆောင်မှုတွေလုပ်ဆောင်ပေးနိုင်နေပြီဖြစ်ပါတယ်” ဟုဆိုသည်။ (Xinhua)

……………………..

GLOBALink | Check out China’s first fully automated container terminal

The Xiamen Yuanhai container terminal is China’s first fully automated container terminal and uses cutting-edge 5G technology.

 

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.