Connect with us

Media

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို ၏ ၇၀ နှစ်ပြည့်မွေးနေ့ပွဲ ကို အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို ၏ ၇၀ နှစ်ပြည့်မွေးနေ့ပွဲ ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်ထွန်းက ဆင်ဟွာသို့ အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။

ဦးသန်းမြင့်ထွန်းက “ မိုမိုရဲ့ မွေးနေ့ပွဲကို လာရောက်ကြမယ့်သူတွေအတွက် ပျော်ရွှင်စရာ အစီအစဉ်အပြည့်နဲ့ ကျင်းပသွားမှာပါ။ မိုမိုအတွက် အောက်တိုဘာ ၂၉ ရက် မနက် ၆ နာရီမှာ သံဃာတော်တွေကို ဆွမ်းကပ်ပေးမှာပါ။ မွေးနေ့ကိတ်ကိုလည်း ၂၉ ရက်မှာပဲ မိုမိုကိုချစ်ကြတဲ့သူတွေနဲ့အတူ ခွဲပေးမှာပါ” ဟုပြောသည်။

ဆင်မကြီးမိုမို၏ မွေးနေ့ပွဲတွင် ဘုန်းကြီးဆွမ်းကပ်ခြင်း၊ မိုမိုအတွက် မွေးနေ့ကိတ်ခွဲခြင်း၊
မိုမိုနှင့်အတူ ဓာတ်ပုံရိုက်ကူးခြင်း၊ တိရစ္ဆာန်လေးများ၏ ဖျော်ဖြေတင်ဆက်မှု၊ တေးသီချင်းသီဆိုခြင်း၊ ဖျော်ဖြေတင်ဆက်မှုများနှင့် Magic Show စသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ တခြားသော ချစ်စရာတိရစ္ဆာန်လိမ္မာလေးများနှင့်အတူ အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းအပြင် ကလေးများအကြိုက် ပျော်ရွှင်စရာဂိမ်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုကို ၎င်း၏စိတ်အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် အသက်အရွယ်အရ ဖြစ်ပေါ်သည့် ဇရာလက္ခဏာများကို အမြဲမပြတ်ဂရုစိုက်ပေးလျက်ရှိပြီး လက်ရှိတွင် မိုမို၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ပြည်သူ့အချစ်တော်မိုမိုသည် ယခုအချိန်တွင်ဖျော်ဖြေခြင်းလုပ်ငန်းများမှ အနားယူခဲ့သော်လည်း တိရစ္ဆာန်ဥယျာဉ်တွင်ရှိသည့် ဆင်ပေါက်ကလေးများအား ထိန်းကျောင်းပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.