Connect with us

Media

ဂါဇာရှိ နိုင်ငံခြားသား ဓားစာခံအချို့ လွှတ်ပေးရန်အသင့်ရှိကြောင်း ဟားမက်စ်ပြော

ဂါဇာ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Al-Qassam တပ်ဖွဲ့က မကြာမီရက်ပိုင်းအတွင်း ဂါဇာ၌ ဖမ်းဆီးထားသော နိုင်ငံခြားသား ဓားစာခံအချို့ကို လွှတ်ပေးရန် အသင့်ရှိကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

“သူတို့ကို ဆက်ပြီးထိန်းသိမ်းထားဖို့ မလိုတော့တဲ့အတွက် လာမယ့်ရက်ပိုင်းအတွင်း သူတို့ထဲကတချို့ကို လွှတ်ပေးတော့မယ်ဆိုတဲ့အကြောင်း ကြားဝင်စေ့စပ်ပေးသူတွေကို တရားဝင်အကြောင်းကြားလိုက်ပါတယ်” ဟု Al-Qassam တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Abu Obaida က ကြိုတင်အသံသွင်းယူထားသော သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ နိုင်ငံအချို့က နိုင်ငံခြားသားများနှင့် ထိန်းသိမ်းထားသူအချို့ကို လွှတ်ပေးရန် ကြားဝင်ဖျန်ဖြေပေးသူများမှတစ်ဆင့် ပြေလည်အောင် ဆောင်ရွက်ခဲ့ကြကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ဟားမက်စ်စစ်သွေးကြွများသည် အစ္စရေးနိုင်ငံအား အောက်တိုဘာ ၇ ရက်တွင် ဒုံးကျည်အချက်ပေါင်းများစွာ ပစ်ခတ်ခြင်းနှင့် အစ္စရေးနယ်မြေအတွင်း၌ ဓားစာခံအမြောက်အမြားဖမ်းဆီးခြင်းဖြင့် တိုက်ခိုက်ခဲ့သည်။ ဓားစာခံ ၂၄၀ ခန့် ဂါဇာဒေသ၌ ဖမ်းဆီးထားကြောင်း အစ္စရေးက ဆိုသည်။

ဟားမက်စ်တို့သည် ကာတာနိုင်ငံနှင့် အီဂျစ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အမေရိကန် နှစ်ဦးနှင့် အစ္စရေး နှစ်ဦး အပါအဝင် ဓားစာခံလေးဦးကို သီးခြားစီလွှတ်ပေးခဲ့ကြောင်း၊ သို့ရာတွင် ဓားစာခံအမြောက်အမြား လွှတ်ပေးရေး ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းအားထုတ်မှုများမှာမူ ရပ်ဆိုင်းလျက်ရှိကြောင်း သိရသည်။
ကျန်ရှိနေသော ဓားစာခံများနှင့် ပါလက်စတိုင်းအကျဉ်းသားများ လဲလှယ်ရန် အစ္စရေးအား ဟားမက်စ်က ပြောကြားခဲ့ကြောင်း သိရသည်။

ဓားစာခံများ လွတ်မြောက်ရေး အဆင်ပြေစေမည့် အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုချက်များကို အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက အောက်တိုဘာ ၃၀ ရက်၌ ပယ်ချခဲ့သည်။ ဟားမက်စ်များ အုပ်ချုပ်နေသော ပါလက်စတိုင်းနယ်မြေပေါ်တွင် အစ္စရေးစစ်တပ်က စစ်ဆင်ရေးများ ဆောင်ရွက်လျက်ရှိသလို အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့်လည်း ဓားစာခံများလွတ်မြောက်ရေး ဖိအားများ ရင်ဆိုင်နေရကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Hamas says ready to release some foreign hostages held in Gaza
GAZA, Oct. 31 (Xinhua) — The Al-Qassam Brigades, the armed wing of the Islamic Resistance Movement (Hamas), said on Tuesday that it is ready to release, within a few days, some hostages with foreign nationalities it is holding in Gaza.
“We informed the mediators officially that we will release a number of them in the coming days as we no longer need to detain them,” Abu Obaida, spokesperson of the brigades, said in a brief recorded conference press, adding that “some countries intervened through mediators to free some detainees with foreign nationalities.”
Hamas militants attacked Israel on Oct. 7, firing thousands of rockets and seizing many hostages in Israeli territory. Israel says about 240 hostages are still in Gaza.
Hamas has released four hostages, including two Americans and two Israelis, in two separate moves aided by Qatari and Egyptian mediation. However, efforts to negotiate a larger hostage swap have stalled.
Hamas has been asking Israel to free thousands of Palestinian prisoners in exchange for the remaining hostages.
On Monday, Israeli Prime Minister Benjamin Netanyahu also rejected calls for a ceasefire to facilitate the hostages’ release. He faces growing pressure to free the hostages, as the Israeli army is conducting an intense offensive on the Palestinian enclave ruled by Hamas.

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.