Media
ရထားထွက်ခွာအချက်ပြအသံက တရုတ်-လာအို မီးရထား၏ အခန်းကဏ္ဍသစ်ကို သက်သေပြု
ကူမင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
“သွားကြစို့” ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် တရုတ်-လာအို မီးရထားလမ်းတစ်ခုလုံး စတင်လည်ပတ်ခဲ့ခြင်းကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လာအိုနိုင်ငံ ခေါင်းဆောင်များက အတူသက်သေပြုခဲ့ကြပေသည်။ ယခုအခါ ဤရထားလမ်းဖွင့်လှစ်လည်ပတ်ခြင်း သုံးနှစ်ပြည့်မြောက်ပြီဖြစ်သည်။
စုစုပေါင်းအရှည် ၁,၀၃၅ ကီလိုမီတာ ရှည်လျားသည့် တရုတ်-လာအို မီးရထားလမ်းသည် မြောက်ဘက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့မှ စတင်ပြီး တောင်ဘက်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အထိ ပြေးဆွဲခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၃ နှစ်အတွင်း ဤရထားလမ်းသည် ခရီးသည်နှင့် ကုန်စည် အမြောက်အမြားပို့ဆောင်ပြီး ခရီးသည် ခရီးစဉ် စုစုပေါင်း ၄၃ သန်းကျော်၊ ကုန်စည်တန်ချိန် ၄၈ ဒသမ ၃ သန်းကို သယ်ယူပို့ဆောင်ပေးခဲ့သည်။
တောတောင်ရေမြေကိုဖြတ်ကျော်ထားသော ဤရထားလမ်းသည် တရုတ်-လာအို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၏ သက်သေဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွါးကို ဖော်ဆောင်မည့် လှပသော အနာဂတ်ဆီသို့ ဆက်လက် ခုတ်မောင်းလျက်ရှိပေသည်။ (Xinhua)
……………………………………..
(Chinese Version)
一声发车见证中老铁路新篇章
“发车!”2021年12月3日,中老铁路在习近平主席和老挝领导人共同见证下全线开通运营。如今,这条铁路迎来开通运营三周年。
全长1035公里的中老铁路,北起中国昆明,南至老挝万象。三年来,这条铁路客货两旺,累计发送旅客超4300万人次、运输货物4830万吨。
穿山越水,这条铁路见证了中老友谊的双向奔赴,将继续驶向合作共赢的美好未来!