Connect with us

Media

အင်ဒိုနီးရှားနိုင်ငံ ပါပူအာပြည်နယ်၌ ပြင်းအား ၆.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်

ဂျကာတာ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ပါပူအာပြည်နယ်၌ ဒေသစံတော်ချိန် အောက်တိုဘာ ၁၆ ရက် ၁၂ နာရီ ၄၈ မိနစ် (ပေကျင်းစံတော်ချိန် နေ့လယ် ၁ နာရီ ၄၈ မိနစ်) တွင် ပြင်းအား ၆.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ လက်ရှိတွင် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ အစီရင်ခံတင်ပြခြင်း မရှိသေးကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီ (BMKG) ၏ သတင်းဖော်ပြချက်အရ သိရသည်။
ယခုအကြိမ်ငလျင်သည် အနက် ၁၈ ကီလိုမီတာရှိပြီး ငလျင်ဗဟိုချက်မှာ တောင်လတ္တီကျု ၁.၉၄ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၃၉.၀၃ ဒီဂရီတွင် ဖြစ်သည်။ ငလျင်ကြောင့် ဆူနာမီဖြစ်ပွားမည် မဟုတ်ကြောင်းလည်း အဆိုပါအေဂျင်စီက ဆိုထားသည်။
အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်ငလျင်ကြောတွင် တည်ရှိပြီး ကမ္ဘာပေါ်၌ ငလျင်နှင့် မီးတောင်လှုပ်ရှားမှု အများဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း သိရသည်။ (Xinhua)

———————
(Chinese Version)
印尼巴布亚省发生6.6级地震
新华社雅加达10月16日电(记者李斯博)据印度尼西亚气象、气候和地球物理局消息,当地时间16日12时48分(北京时间13时48分),印尼巴布亚省发生6.6级地震。目前尚无人员伤亡和财产损失报告。
此次地震震源深度18公里,震中位于南纬1.94度、东经139.03度。该局表示,地震不会引发海啸。
印尼位于环太平洋地震带,是世界上地震和火山活动最为频繁的国家之一。(完)