Connect with us

Media

မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများကို တရုတ်ကုမ္ပဏီလုပ်ငန်းများ မည်ကဲ့သို့ အတူလက်တွဲကူညီခဲ့သနည်း

မန်စီ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးနောက် ကပ်ဘေးကယ်ဆယ်ရေး ရွက်ဖျင်တဲများသည် တရုတ်နိုင်ငံ မန်စီမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၆ ရက် ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။ ယင်းရွက်ဖျင်တဲများမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် မြန်မာနိုင်ငံ၏ ဆိုးရွားစွာ ငလျင်ဒဏ်သင့်သော ဒေသများသို့ အသုတ်ခွဲပို့ဆောင်မည် ဖြစ်သည်။

ယခုအကြိမ် လှူဒါန်းမှုသည် တရုတ်နိုင်ငံ North Petroleum & Chemical Group Co., Ltd (NPCC) နှင့် China Vast Xin Hai Industrial Development Company Limited တို့ အတူလက်တွဲ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးနောက် NPCC ကုမ္ပဏီအနေဖြင့် ကပ်ဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဦးစွာ အလျင်အမြန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ NPCC ကုမ္ပဏီသည် ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းသို့ ကပ်ဘေးကယ်ဆယ်ရေးအတွက် မြန်မာကျပ်ငွေ သိန်း ၁၀၀ အား လည်းကောင်း၊ မတ် ၃၁ ရက်တွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ လှူဒါန်းငွေ ယွမ် ၅၀,၀၀၀ အား လည်းကောင်း လှူဒါန်းခဲ့သည်။ ဧပြီ ၁ ရက်က NPCC ကုမ္ပဏီမှစေလွှတ်သော ရှေ့တန်းတွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်မယ့်အဖွဲ့ဝင် ၈ ဦးသည် မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)