Media
ယူကရိန်း-ရုရှား စေ့စပ်ညှိနှိုင်းပွဲကို တက်ရောက်မည် မဟုတ်ဟု ဇယ်လန်းစကီးပြော
အန်ကာရာ၊ မေ ၁၇ ရက် (ဆင်ဟွာ)
ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ၎င်းသည် အစ္စတန်ဘူလ်၌ ကျင်းပသော ယူကရိန်း-ရုရှား စေ့စပ်ညှိနှိုင်းပွဲကို တက်ရောက်မည် မဟုတ်ကြောင်း၊ ယူကရိန်းဘက်က ဤစေ့စပ်ညှိနှိုင်းပွဲသို့ တက်ရောက်ရန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်မည်ဖြစ်ကြောင်း တူကီယဲနိုင်ငံဆိုင်ရာ ယူကရိန်းသံရုံးတွင် မေ ၁၅ ရက်က ကျင်းပသော မီဒီယာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဇယ်လန်းစကီးသည် တူကီယဲနိုင်ငံ မြို့တော် အန်ကာရာသို့ မေ ၁၅ ရက် မွန်းတည့်ချိန်တွင် ရောက်ရှိခဲ့ပြီး တူကီယဲ သမ္မတ အာဒိုဂန်နှင့် တူကီယဲ သမ္မတအိမ်တော်၌ တံခါးပိတ်အစည်းအဝေးကို နာရီအနည်းငယ်ကြာ ကျင်းပခဲ့သည်။ ထို့နောက် ဇယ်လန်းစကီးက တူကီယဲနိုင်ငံဆိုင်ရာ ယူကရိန်းသံရုံးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ကို ယူကရိန်းကာကွယ်ရေးဝန်ကြီး Rustem Umerov က ဦးဆောင်မည်ဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့တွင် စစ်ရေးနှင့် ထောက်လှမ်းရေးဌာနမှ ကိုယ်စားလှယ်များပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ စေ့စပ်ညှိနှိုင်းပွဲအချိန်မှာ မေ ၁၅ ရက် သို့မဟုတ် ၁၆ ရက် ဟူ၍ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။
ရုရှားဘက် ကိုယ်စားလှယ်အဖွဲ့တွင် စေ့စပ်ညှိနှိုင်းမှုအတွက် လိုအပ်သော အရည်အချင်းနှင့် ရာထူးအာဏာရှိပြီး အပြုသဘောဆောင်သော နည်းလမ်းဖြင့် ပဋိပက္ခများ ဖြေရှင်းရန် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများနှင့် ဆုံချက်များကို ရှာဖွေရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ လက်ထောက်၊ ရုရှားဘက် စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Medinsky က မေ ၁၅ ရက်တွင် ထုတ်ပြန်ချက် ကြေညာခဲ့သည်။
ယူကရိန်းနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်းရခြင်း ရည်မှန်းချက်မှာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်ရန်နှင့် ပဋိပက္ခအရင်းအမြစ်ကို ဖယ်ရှားရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………………………
(Chinese Version)
泽连斯基:将不出席在伊斯坦布尔举行的乌俄谈判
新华社安卡拉5月15日电(记者熊思浩)乌克兰总统泽连斯基15日在乌克兰驻土耳其使馆举行的记者会上说,他本人将不出席在伊斯坦布尔举行的乌俄谈判,乌方将派遣高级别代表团参加这一谈判。
泽连斯基15日中午抵达土耳其首都安卡拉,后与土总统埃尔多安在土总统府举行了数小时闭门会谈。随后,泽连斯基在乌驻土耳其使馆举行的记者会上作出上述表态。
他说,乌克兰代表团将由国防部长乌梅罗夫率领,代表团中包括军方和情报部门的代表。尚不清楚谈判时间是15日还是16日。
俄罗斯总统助理、俄方谈判代表团团长梅金斯基15日发表声明说,俄方代表团具备谈判的必要能力和职权,并致力于以建设性方式寻求解决冲突的可能办法和契合点。他表示,与乌方直接谈判的目标是建立持久和平并消除冲突根源。(完)