Media
ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးများ အာကာသမှ ပြန်လည်ရောက်ရှိလာပြီးနောက် စာနယ်ဇင်းနှင့်တွေ့ဆုံ
ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၈ (Shenzhou-18) လူလိုက်ပါသောအာကာသမစ်ရှင်မှ အာကာသယာဉ်မှူး ၃ ဦးတို့သည် အာကာသမှ ပြန်လည်ရောက်ရှိလာပြီး အချိန်နှစ်လအကြာ၌ ပထမဆုံးအကြိမ် အများပြည်သူရှေ့ထွက်ပေါ်ခြင်းအဖြစ် ဇန်နဝါရီ ၈ ရက်က စာနယ်ဇင်းနှင့် တွေ့ဆုံခဲ့သည်။
အာကာသယာဉ်မှူးများဖြစ်သော ရဲ့ကွမ်းဖူ၊ လီချုံးနှင့် လီကွမ်ဆူးတို့သည် ကာယပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း၊ ၎င်းတို့၏ ကြွက်သားကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှု၊ နှလုံးနှင့် အဆုတ်ဆိုင်ရာ လုပ်ဆောင်မှုများမှာလည်း အခြေခံအားဖြင့် အာကာသခရီးစဉ်မတိုင်မီအခြေအနေများသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံက ရှန်ကျိုး-၁၈ လူလိုက်ပါသောအာကာသခရီးစဉ်ကို ၂၀၂၄ ခုနှစ် ဧပြီ ၂၅ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အာကာသယာဉ်မှူး ၃ ဦးတို့သည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ရက်ပေါင်း ၁၉၂ ရက်ကြာ နေထိုင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၄ ရက်က ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာခဲ့ရာ တရုတ်အာကာသယာဉ်မှူး၏ အာကာသအတွင်း လူလိုက်ပါသောအာကာသမစ်ရှင် တစ်ဆက်တည်းနေထိုင်မှု အရှည်ကြာဆုံးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0j5
…………………….
(English Version)
Shenzhou-18 astronauts meet press after return from space
BEIJING, Jan. 8 (Xinhua) — The three astronauts from China’s Shenzhou-18 crewed mission met with the press on Wednesday, marking their first public appearance since returning from space two months ago.
All three crew members — Ye Guangfu, Li Cong and Li Guangsu — are in good physical and mental health. Their muscle strength, endurance and exercise cardiopulmonary function have basically returned to pre-flight levels.
China launched the Shenzhou-18 manned spaceship on April 25, 2024. The trio returned to Earth on Nov. 4 after 192 days in orbit, setting a new record for the longest single crewed mission in space by Chinese astronauts. xhtxs.cn/0j5
Photo 1: Astronauts Ye Guangfu (2nd R), Li Cong (1st R) and Li Guangsu (3rd R) from China’s Shenzhou-18 crewed mission meet with the press in Beijing, capital of China, Jan. 8, 2025. (Xinhua/Li Minggang)