Media
McLaughlin-Levrone က အမျိုးသမီး မီတာ ၄၀၀ တန်းကျော်ပြေးပွဲ၌ သက်တမ်းအကြာဆုံး ချန်ပီယံစံချိန်ကို ချိုးဖျက်
တိုကျို၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ မြို့တော်တိုကျို၌ ကျင်းပနေသော ၂၀၂၅ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် စက်တင်ဘာ ၁၈ ရက်က အမျိုးသမီး မီတာ ၄၀၀ တန်းကျော်ပြေးပွဲ ဖိုင်နယ်ပွဲ၌ အမေရိကန်နိုင်ငံသူ McLaughlin-Levrone က ၄၇.၇၈ စက္ကန့်ဖြင့် ပန်းဝင်ကာ သက်တမ်းအကြာဆုံးပြိုင်ပွဲစံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။
အိုလံပစ် မီတာ ၄၀၀ တန်းကျော်ပြေးချန်ပီယံဆုကို နှစ်ကြိမ်ရရှိထားသည့် McLaughlin-Levrone က ၁၉၈၃ ခုနှစ်တွင် ဟယ်လ်ဆင်ကီမြို့၌ ကျင်းပခဲ့သည့် ပထမအကြိမ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ချက်ကိုဆလိုဗားကီးယားနိုင်ငံမှ Jarmila Kratochvilova စံချိန်တင်ခဲ့သည့် ယခင်စံချိန် ၄၇.၉၉ စက္ကန့်ထက် ၀.၂၁ စက္ကန့်စော၍ ပန်းဝင်ခဲ့ခြင်းဖြစ်သည်။
ဒိုမီနီကန်သမ္မတနိုင်ငံမှ အိုလံပစ်ချန်ပီယံ Marileidy Paulino က နိုင်ငံစံချိန်တင်အချိန် ၄၇.၉၈ စက္ကန့်ဖြင့် ငွေတံဆိပ်ဆုရရှိခဲ့ပြီး ဘာရိန်းကမ္ဘာ့ချန်ပီယံဟောင်း Salwa Eid Naser က ရာသီအကောင်းဆုံးစံချိန် ၄၈.၁၉ စက္ကန့်ဖြင့် ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
McLaughlin-Levrone breaks oldest championship record to win women’s 400m
TOKYO, Sept. 18 (Xinhua) — American Sydney McLaughlin-Levrone broke the oldest standing event record by clocking 47.78 seconds to win the women’s 400m final at the World Athletics Championships here on Thursday.
The two-time Olympic 400m hurdles champion trimmed 0.21 seconds off the previous mark of 47.99, set by Jarmila Kratochvilova of Czechoslovakia at the inaugural World Championships in Helsinki in 1983.
Reigning Olympic champion Marileidy Paulino of the Dominican Republic took silver in a national record time of 47.98, while Bahrain’s former world champion Salwa Eid Naser claimed bronze with a season’s best 48.19. ■