Connect with us

Media

ရေလွှမ်းမိုးမှုကြောင့် ရထားလမ်းတံတားရေတိုက်စားမှုမှ ကာကွယ်ရန် အလေးချိန်အပြည့် တင်ဆောင်ထားသည့်  ရထားတွဲများကျောက်ချရပ်နား

ကျန်းရှီး၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်းကျန်းရှီးပြည်နယ်တွင်မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့သည်။ စဉ်ဆက်မပြတ်ရွာသွန်းသည့်မိုးကြောင့် ရေကန်များ မြစ်ချောင်းများ ရေလျှံကာ ရေလွှမ်းမိုးမှုဖြစ်လာသည်။

ရေမျက်နှာပြင်မြင့်မားလာခြင်းက ဒေသတွင်းရှိ ရထားလမ်းများပျက်စီးစေသည့်အန္တရာယ်ခြိမ်းခြောက်လာသည်။

ထို့ ကြောင့် ရထားလမ်းများ ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ရထားလမ်းတံတားပေါ်တွင်  ကုန်ပစ္စည်းအလေးချိန်ပေါင်း တန်ချိန် ၉၆၀ တင်ဆောင်လာသည့် ရထားတွဲများကို ရပ်တန့်ထားခဲ့သည်။

မြင့်မားသည့်အလေးချိန်ကတံတားအား ရေလွှမ်းမိုးမှုကြောင့်ပျက်စီးထိခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိစေကြောင်းသိရသည်။ (Xinhua)

…………………………………………

(English Version)

Train carriages deployed to reinforce railway bridge amid floods in E China

In east China’s Jiangxi, loaded freight train carriages weighing about 960 tonnes were deployed to reinforce a local railway bridge amid floods resulting from continuous torrential rains.