Connect with us

Media

တရုတ်နိုင်ငံ လျောင်နင်မှ ဆိုလာထုတ်ကုန်များကို ဥရောပတိုက်သို့ ကုန်တင်ရထားဖြင့်တင်ပို့

စိန်ရန်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

ဆိုလာထုတ်ကုန်များ ပါဝင်သော ကွန်တိန်နာအလုံး ၅၀ ကို တင်ဆောင်ထားသည့်တရုတ်-ဥရောပ ကုန်တင်ရထား တစ်စင်းသည် ဇူလိုင် ၃၁ ရက်တွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် မြို့တော် စိန်ရန်မှ ဂျာမနီနိုင်ငံ Duisburg မြို့ သို့ ခရီးစတင်ခဲ့သည်။

အဆိုပါ ဆိုလာထုတ်ကုန်ပစ္စည်းများကို လျောင်နင်ပြည်နယ် ကျင်ကျိုးမြို့ ရှိ ကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားခြင်းဖြစ်သည်။

ရထား၏ ခရီးစဉ်တစ်ခုလုံး၏ စုစုပေါင်း အကွာအဝေးမှာ ၁၀,၅၁၇ ကီလိုမီတာရှိသည်။ Duisburg မြို့ သို့ ၂၁ ရက် မှ ၂၅ ရက် အတွင်းရောက်ရှိမည်ဟု မျှော်မှန်းထားသည်။

ပြည်ပ ဈေးကွက်များ၏ လိုအပ်ချက်ကို ပြည့်မီစေရန် ထိုကုန်တင်ရထားဖြင့် ကုမ္ပဏီ၏ ပို့ကုန် တင်သွင်းမှုပမာဏကို မြှင့်တင်နိုင်မည်ဖြစ်သည်။

ယခုနှစ်အတွင်း ဇူလိုင်လ ၂၉ ရက်အထိ လျောင်နင်ပြည်နယ်မှ ထွက်ခွာခဲ့သည့် တရုတ်-ဥရောပ ကုန်တင်ရထား အခေါက်ရေ စုစုပေါင်း ၁၉၉ ခေါက်ရှိပြီး ယမန်နှစ်ကထက် ၂၀.၆ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ (Xinhua)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.