Connect with us

Media

ပြည်တွင်း၌ ဆန်ကွဲဈေးကြီးမြင့်ခြင်းကြောင့် ဘဲမွေးမြူရေးလုပ်ငန်း တချို့အရှုံးပေါ်

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

ပြည်တွင်း၌ ဆန်ကွဲဈေးကြီးမြင့်ခြင်း၊ တိရစ္ဆာန်အစားအစာဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် ဘဲဥအထွက်နှုန်းနှင့် တွက်ခြေမကိုက်သည့်အတွက်
ဘဲမွေးမြူရေးလုပ်ငန်းတချို့ အရှုံးပေါ်၍ တချို့ လုပ်ငန်းရပ်စဲရခြင်းများရှိကြောင်း ဘဲမွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။
လက်လီဈေးကွက်တွင် ဘဲဥတစ်လုံးကို ကျပ် ၃၀၀ မှ ကျပ် ၃၅၀ ပေါက်ဈေးရှိကြောင်း သိရသည်။ ဘဲအကောင်ရေ ၆,၀၀၀ ခန့်မွေးမြူသူအနေဖြင့် ဘဲဥအလုံးရေ ၄,၀၀၀ ဝန်းကျင် ထွက်ရှိကြောင်း သိရသည်။
ဘဲများမွေးမြူရာတွင် ခြံနှင့် အလွတ်ကျောင်း စနစ် နှစ်မျိုးဖြင့် မွေးမြူလျက်ရှိပြီး လက်ရှိတွင် ဘဲဥအထွက်နှုန်းများ ကျဆင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.