Connect with us

Media

၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပျားရည် တန်ချိန် ၁,၉၀၀ ကျော် ပြည်ပတင်ပို့နိုင်ခဲ့

ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပျားရည်တန်ချိန် ၁,၉၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၈ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဧပြီလ ဒုတိယပတ်တွင် ဆင်ဟွာသို့ ပြောသည်။ မြန်မာနိုင်ငံ၏ ပျားမွေးမြူရေးခြံအများစုသည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့၌ ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်သော ပျားရည်များမှာ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ ရော်ဘာပျားရည်၊ လိုက်ချီးပျားရည်နှင့် ပန်းပေါင်းစုံပျားရည်တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)