Connect with us

Media

အာဖဂန်နစ္စတန်-အီရန် ရထားလမ်းမှတစ်ဆင့် အဓိကကုန်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်

အာဖဂန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ နှင့် အိမ်နီးချင်း အီရန်တို့အကြား ရထားလမ်းမှတစ်ဆင့် အဓိက ကုန်သွယ်ရေး လမ်းကြောင်းအား အာဖဂန်အနောက်ပိုင်း Herat ပြည်နယ်တွင် ဇူလိုင် ၁၁ ရက်က တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အာဖဂန်အိမ်စောင့်အစိုးရအဖွဲ့ ပြောခွင့်ရခေါင်းဆောင် Zabihullah Mujahid က ဒေသတွင်း စီးပွားရေး ဆက်ဆံမှုများ မြှင့်တင်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းအဖြစ် ကြိုဆိုကြောင်း ၊ ရထားလမ်း ကွန်ရက်သည် အာဖဂန်နစ္စတန်နိုင်ငံအား အီရန်မှ တူရကီ နှင့် ဥရောပအထိ ချိတ်ဆက်နိုင်ကြောင်း ဖွင့်လှစ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
Major trade route via Afghanistan-Iran railway opens
A major trade route via railway between Afghanistan and neighboring Iran formally opened in west Afghanistan’s Herat province on Tuesday.
Speaking on the occasion, the Afghan caretaker government chief spokesman Zabihullah Mujahid welcomed the step as vital for enhancing economic relations in the region, saying the railway network could connect Afghanistan to Iran onward to Türkiye and Europe.
Xinhua News Agency correspondents reporting from Herat, Afghanistan.(XHTV)