Connect with us

Media

ကင်ညာနိုင်ငံတွင် နေထိုင်စရိတ်ကြီးမြင့်မှုကြောင့် ဆန္ဒပြမှုများဖြစ်ပွားလျက်ရှိရာ လူ ၅ ဦးထက်မနည်းသေဆုံး

နိုင်ရိုဘီ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံတွင် နေထိုင်စရိတ်ကြီးမြင့်မှုကြောင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများဖြစ်ပွားလျက်ရှိရာ သေနတ်ပစ်ခတ်ခံရမှုကြောင့် လူ ၅ ဦးထက်မနည်းသေဆုံးပြီး အခြားသူများလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အတိုက်အခံ ထောက်ခံသူများကြောင့် ဖြစ်ပေါ်လာသော ဆန္ဒပြမှုများကြောင့် ကင်ညာနိုင်ငံတစ်ဝန်းရှိ ဒေသများစွာရှိ စီးပွားရေးလုပ်ငန်းများ ဇူလိုင် ၁၂ ရက်က ရပ်တန့်လျက်ရှိကြောင်း သိရသည်။

အဓိကအတိုက်အခံဖြစ်သော Azimio la Umoja-One Kenya Alliance Coalition အား ထောက်ခံသူများအား လူစုခွဲရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများအသုံးပြုခဲ့သဖြင့် ဆန္ဒပြသူများကလည်း တစ်ဖန်ပြန်လည်အကြမ်းဖက် တုန့်ပြန်ခဲ့ကြသည်။ ဒေါသထွက်နေသော ဆန္ဒပြသူများကြောင့် ရဲတပ်ဖွဲ့ မော်တော်ယာဉ်တစ်စီးလည်း မီးလောင်ပျက်စီးခဲ့သည်။

ထို့ပြင် ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီရှိ စီးပွားရေးလုပ်ငန်းများမှာ ရပ်နားထားရပြီး အကြမ်းဖက်မှုများ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် နိုင်ငံသားအများစုကို မြို့ပြင်တွင် တားဆီးထားခြင်းကြောင့် လူများဖြင့် ပြည့်နှက်နေမြဲဖြစ်သော မြို့လယ်စီးပွားရေးခရိုင်မှာ ယခုအခါ လူသူကင်းမဲ့လျက်ရှိသည်။

အများပြည်သူသုံး မော်တော်ယာဉ်လည်ပတ်ပြေးဆွဲသူများကလည်း ၎င်းတို့၏ မော်တော်ယာဉ်များ ပြေးဆွဲခြင်းမပြုသဖြင့် သယ်ယူပို့ဆောင်ရေးမှာလည်း လုံးဝရပ်တန့်နေသည်။
ဇွန်လတွင် ၇.၉ ရာခိုင်နှုန်းရှိသော ကင်ညာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် အစိုးရ၏ ရည်မှန်းချက်ဖြစ်သော ၇.၅ ရာခိုင်နှုန်းထက် ကျော်လွန်နေခဲ့ကြောင်း၊ မြင့်မားလာသော ငွေကြေးဖောင်းပွမှုကြောင့် သကြား၊ ဆီ၊ စားသောက်ကုန်နှင့် ဟင်းချက်ဆီ စသည့် လူသုံးကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
At least 5 killed in protests over high cost of living in Kenya
NAIROBI, July 13 (Xinhua) — At least five people were reportedly shot dead and others sustained gunshot wounds on Wednesday during protests across Kenya over the high cost of living.
The protests initiated by opposition supporters also grounded business activities in different parts of Kenya on Wednesday.
Some of the protests turned violent as police lobbed teargas to disperse supporters of the main opposition, Azimio la Umoja-One Kenya Alliance Coalition. At least one police vehicle was torched by angry protestors.
In the Kenyan capital of Nairobi, businesses remained shut and most citizens were kept off the city center for fear of violence. The central business district, which is usually crammed with people, remained deserted.
Transport was also at a standstill as public commuter vehicle operators kept their vehicles off the road.
Kenya’s inflation stood at 7.9 percent in June, having surpassed the government’s target of 7.5 percent. The higher inflation is blamed on rising prices of commodities like sugar, oil, food, and cooking oil.