Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
တူရကီရဲတပ်ဖွဲ့က အစ္စတန်ဘူလ်မြို့၌ မက်သာအဖက်တမင်း ၈၅၀ ကီလိုဂရမ် သိမ်းဆည်းရမိ - Xinhua News Agency
Connect with us

Media

တူရကီရဲတပ်ဖွဲ့က အစ္စတန်ဘူလ်မြို့၌ မက်သာအဖက်တမင်း ၈၅၀ ကီလိုဂရမ် သိမ်းဆည်းရမိ

အစ္စတန်ဘူလ် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ မကြာသေးမီက ပြုလုပ်ခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးအတွင်း တူရကီရဲတပ်ဖွဲ့က မက်သာအဖက်တမင်း ၈၅၀ ကီလိုဂရမ်ခန့် သိမ်းဆည်းရမိကာ သံသယရှိသူ ၁၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့အရင်းအမြစ်များက ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါစစ်ဆင်ရေးအား အစ္စတန်ဘူလ်မြို့ရှိ ခရိုင် ၉ ခု၌ ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၈ ရက်အကြား ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား ရဲတပ်ဖွဲ့ဌာနချုပ်၌ ထုတ်ဖော်ပြသထားကြောင်း သိရသည်။

ဇွန်လတွင် တူရကီပြည်ထဲရေးဝန်ကြီး Ali Yerlikaya က လူငယ်များကို အဆိပ်အတောက် ဖြစ်စေပြီး အနာဂတ်အား ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးရောင်းချသူများ၏ ထွက်ပေါက်မှန်သမျှကို ဖယ်ရှားသုတ်သင်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။ (Xinhua)

…………………………….
(English Version)
Turkish police seize 850 kg of meth in Istanbul
The Turkish police have seized about 850 kg of methamphetamine and detained 14 suspects in a recent anti-narcotics operation in Istanbul, police sources said Monday.
The operation was carried out between June 11 and July 18 in nine districts of Istanbul. The seized drugs were exhibited at the main police headquarters.
In June, Turkish Interior Minister Ali Yerlikaya vowed to eliminate any passage to drug dealers “who poison our youth and threaten our future”.
Xinhua News Agency correspondents reporting from Istanbul, Türkiye.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.