Connect with us

Media

ယီမင်နိုင်ငံတောင်ပိုင်း၌ အားကောင်းသောမုန်တိုင်းကြောင့် လေဆိပ်မှန်နံရံကွဲကြေကာ လူ ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိ

အေဒင် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် အေဒင်မြို့၌ ဇူလိုင် ၂၄ ရက်အစောပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ၊ လေပြင်းတိုက်ခတ်မှုများနှင့်အတူ အားကောင်းသောမုန်တိုင်းဒဏ်ကြောင့် လူ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မုန်တိုင်း ရုတ်တရက်ဝင်ရောက်တိုက်ခတ်မှုကြောင့် အေဒင်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ခရီးသည်ထွက်ခွာရန် စောင့်ဆိုင်းနေသည့် ခန်းမရှိ မှန်နံရံမျက်နှာစာ ပြိုကျခဲ့ရာ ကလေးများအပါအဝင် ခရီးသည် ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
11 injured after powerful storm smashes airport glass wall in S. Yemen
At least 11 people were injured as a powerful storm, accompanied by heavy rains and strong winds, struck Yemen’s southern port city of Aden early Monday.
The sudden storm caused a glass facade to collapse in the departure hall of Aden International Airport, injuring at least 11 passengers, including children, a local medical official told Xinhua on condition of anonymity.
Xinhua News Agency correspondents reporting from Aden, Yemen.(XHTV)