Connect with us

Media

အိန္ဒိယနိုင်ငံ Chandrayaan-3 အာကာသယာဉ် လကမ္ဘာပေါ်ဆင်းသက်

နယူးဒေလီ ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ လကမ္ဘာမစ်ရှင်-၃ သို့မဟုတ် Chandrayaan-3 သည် လမျက်နှာပြင်ပေါ်သို့ ဩဂုတ် ၂၃ ရက် ၁၈:၀၄ ဝန်းကျင် (ဂရင်းနစ်စံတော်ချိန် ၁၂၃၄) တွင် ဆင်းသက်ခဲ့ကြောင်း အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO) က ပြောကြားခဲ့သည်။

ကမ္ဘာတွင် အိန္ဒိယနိုင်ငံသည် ယခင် ဆိုဗီယက်ပြည်ထောင်စု ၊ အမေရိကန်နိုင်ငံ နှင့် တရုတ်နိုင်ငံ ပြီးနောက် လကမ္ဘာပေါ်သို့ အာကာသယာဉ် ဆင်းသက်နိုင်မှုတွင် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက အဆိုပါအောင်မြင်မှုနှင့်ပတ်သက်၍ နိုင်ငံ၏ သိပ္ပံဆိုင်ရာအဖွဲ့အစည်းနှင့် ပြည်သူလူထုအား ချီးကျူး ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ယင်းမစ်ရှင်အား ဇူလိုင် ၁၄ ရက်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး Vikram လပေါ်ဆင်းသက်ယာဉ်နှင့် Pragyan လပေါ်သွားယာဉ် ပါဝင်သော ဆင်းသက်ရေးယာဉ်မော်ဂျူးသည် အာကာသယာဉ်မှ ဩဂုတ် ၁၇ ရက်တွင် သီးခြားစီခွဲထွက်သွားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
India’s Chandrayaan-3 spacecraft lands on moon
India’s Moon Mission-3, or Chandrayaan-3, landed on the lunar surface at around 18:04 (1234 GMT) on Wednesday, the Indian Space Research Organisation (ISRO) said.
India became the fourth country in the world to land a spacecraft on the moon, after the former Soviet Union, the United States, and China.
Indian Prime Minister Narendra Modi congratulated the country’s scientific community and its people on the achievement.
The mission was launched on July 14. The lander module, comprising the Vikram lander and the Pragyan rover, separated from the spacecraft on Aug. 17.
Xinhua News Agency correspondent reporting from New Delhi.(XHTV)