Connect with us

Media

“အစိမ်းရောင်” နှင့် “ဒစ်ဂျစ်တယ်” တို့က ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်၏ တိုးတက်ဖြစ်ပေါ်မှု အဆင့်သစ်အတွက် အဓိကအကြောင်းအရာများ ဖြစ်လာ

ရှီးအန်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) ၏ တိုးတက်ဖြစ်ပေါ်မှု အဆင့်သစ်၌ “အစိမ်းရောင်” နှင့် “ဒစ်ဂျစ်တယ်” စသည်တို့က အဓိကအကြောင်းအရာများအဖြစ် ပေါ်ထွက်လာခဲ့သည်ဟု ဆင်ဟွာ သတင်းအေဂျင်စီနှင့် ပူးပေါင်းထားသော တတ်သိပညာရှင်အဖွဲ့ Xinhua Institute က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် တတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌ ရပ်ဝန်းနှင့် ပိုးလမ်းမ၏ အရည်အသွေးမြင့် တိုးတက်ဖြစ်ထွန်းမှုများကို ဆက်လက်ဖော်ဆောင်ရန် ရည်ရွယ်သည့် အဆိုပြုချက် ၈ ခုအား ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံက ‌ကြေညာခဲ့သည်။
အစိမ်းရောင် အခြေခံအဆောက်အအုံ၊ အစိမ်းရောင်စွမ်းအင်၊ အစိမ်းရောင် သယ်ယူပို့ဆောင်ရေး နယ်ပယ်များတွင် ဆက်လက်ဆောင်ရွက်ဆဲ ပူးပေါင်းဆောင်ရွက်မှုများက အဆိုပါ အဆိုပြုချက် ၈ ခု၏ အဓိကဗဟိုချက် ဖြစ်လာသည်ဟု “ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု၏ အလားအလာကောင်းသော ဆယ်စုနှစ်သစ်အတွက် အဓိက ရှေ့ပြေးခြေလှမ်း ၈ ခု” ဟု အမည်ပေးထားသော အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဥပမာအားဖြင့် တရုတ်-ယူဂန္ဓာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း၏ အထင်ကရ စီမံကိန်းဖြစ်သော ယူဂန္ဓာနိုင်ငံရှိ ကာရူမာ ရေအားလျှပ်စစ်စက်ရုံအား ၂၀၂၄ နှစ်စပိုင်း၌ အပြည့်အဝ စတင်လည်ပတ်နိုင်ခဲ့ကာ ပျမ်းမျှအားဖြင့် လျှပ်စစ်ဓာတ်အား ၄ ဘီလီယံ ကီလိုဝပ်နာရီကို နှစ်စဉ် ထုတ်လုပ်ပေးလျက်ရှိပြီး အကြမ်းထည် ကျောက်မီးသွေးတန်ချိန် ၁.၃၁ သန်းဝန်းကျင်အား နှစ်စဉ် ချွေတာနိုင်ခဲ့ကာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထွက်ရှိမှုကိုလည်း တန်ချိန် ၃.၄၈ သန်းအထိ လျှော့ချနိုင်ခဲ့သည်။ ယင်းစီမံကိန်းသည် ယူဂန္ဓာနိုင်ငံ၏ ဓာတ်အားခနှုန်းထားကိုလည်း ၁၇.၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်မည်ဟု မျှော်လင့်ရသည်။
ဒစ်ဂျစ်တယ် ပိုးလမ်းမသည်လည်း ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ကုန်သွယ်ခြင်းနှင့် e-commerce နယ်ပယ်တို့တွင် လျင်မြန်စွာ တိုးတက်ဖြစ်ထွန်းလျက်ရှိသည်ဟု ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် ပထမနှစ်ဝက်၌ တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်နည်းပညာအတွက် သီးခြားရည်ရွယ်သော ဝန်ဆောင်မှုများ၏ ပို့ကုန်၊ သွင်းကုန်ပမာဏမှာ ယွမ် ၁.၄၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၀၀.၅ ဘီလီယံခန့်) အထိ ရှိခဲ့ကာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းမှ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း (e-commerce) မှ ပို့ကုန်၊ သွင်းကုန်ပမာဏ စုစုပေါင်း ယွမ် ၁.၂၂ ထရီလီယံ ရှိခဲ့ပြီး ယင်းပမာဏ နှစ်မျိုးလုံးမှာ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုးတက်ဖြစ်ထွန်းမှုက ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သော နိုင်ငံများအတွက် ကြီးမားသော အခွင့်အလမ်းသစ်များကို ဖန်တီးပေးခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် တံခါးဖွင့်ကြိုဆိုမှုကို ဆက်လက်တိုးမြှင့်လျက်ရှိသဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားနှင့် BRI အရှိန်အဟုန်အားကောင်းစေရေးအတွက် အဓိကအရင်းအမြစ်တစ်ခု ဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ဒစ်ဂျစ်တယ်ပိုးလမ်းမ ဖော်ဆောင်ခြင်းက နိုင်ငံအချင်းချင်း၊ ဒေသအချင်းချင်း ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကူးလူးဆက်ဆံမှုများကို အားပေးမြှင့်တင်ပေးရုံသာမက ‌ဒစ်ဂျစ်တယ်နည်းပညာ ကွာဟချက်ကိုလည်း ထိထိရောက်ရောက် လျှော့ချပေးကာ ဆိုက်ဘာရပ်ဝန်း၌ BRI မိတ်ဖက်နိုင်ငံများအကြား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေသည့်အပြင် ပိုမိုအလားအလာကောင်းမွန်သော အနာဂတ်အတွက် ဒစ်ဂျစ်တယ်နည်းပညာ၏ ကောင်းကျိုးများကို မျှဝေရာတွင်လည်း အထောက်အကူပေးနိုင်မည်ဖြစ်သည်။ (Xinhua)
#China #BRI #တရုတ် #ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်
…………………………….
(English Version)
“Green”, “digital” become key themes in new phase of BRI development
XI’AN, Oct. 15 (Xinhua) — “Green” and “digital” have emerged as key themes in the new phase of Belt and Road Initiative (BRI) development, according to a report issued on Tuesday by Xinhua Institute, a think tank affiliated with Xinhua News Agency.
China announced support for eight initiatives aimed at advancing the high-quality development of the Belt and Road at the third Belt and Road Forum for International Cooperation convened in October 2023.
Ongoing cooperation in green infrastructure, green energy and green transportation has become a key focus of the eight initiatives, said the report titled “‘Eight Major Steps’ Heralds Promising New Decade of Belt and Road Cooperation.”
For instance, in Uganda, the Karuma Hydropower Station, a flagship China-Uganda Belt and Road cooperation project, began full operation at the start of 2024, generating an average of 4 billion kilowatt-hours of electricity annually, saving around 1.31 million tonnes of raw coal each year and reducing carbon dioxide emissions by 3.48 million tonnes. This project is also expected to lower Uganda’s electricity prices by 17.5 percent.
The report said the Digital Silk Road is experiencing rapid growth in digital service trade and e-commerce.
In the first half of 2024, China’s digitally deliverable services imports and exports reached 1.42 trillion yuan (about 200.5 billion U.S. dollars), and cross-border e-commerce imports and exports totaled 1.22 trillion yuan — both hitting historic highs. This expansion has created vast new opportunities for participating Belt and Road countries.
As China continues to expand its high-level opening up, the digital economy is bound to become a key driver of growth and a major source of momentum for BRI.
The construction of the Digital Silk Road will not only promote comprehensive cooperation and exchanges between countries and regions but also effectively narrow the “digital divide,” helping BRI partner countries build a community with a shared future in cyberspace and enabling them to share the benefits of digital technology for a brighter future. Enditem
English Caption
A visitor learns about a driverless aircraft at the Smart Mobility Zone during the third Global Digital Trade Expo in Hangzhou, east China’s Zhejiang Province, Sept. 25, 2024. (Xinhua/Huang Zongzhi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.