Connect with us

Media

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံဂြိုဟ်တုအုပ်စုသစ် လွှတ်တင်

ရှီးချန်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အာကာသအတွင်းသို့ အဝေးထိန်းအာရုံခံဂြိုဟ်တုအုပ်စုသစ် ထားရှိရန် အောက်တိုဘာ ၂၃ ရက်က Long March-2C သယ်ဆောင်ရေးဒုံးပျံအား လွှတ်တင်ခဲ့ကြောင်း သိရသည်။
Yaogan-43 03 ဂြိုဟ်တုအုပ်စုအား နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၉ နာရီ ၉ မိနစ်တွင် လွှတ်တင်ခဲ့ပြီး သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
ယင်းဂြိုဟ်တုများအား ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် ဂြိုဟ်တုအစုအဝေး နည်းပညာသစ်များ စမ်းသပ်ရေး လုပ်ဆောင်ရာတွင် အဓိကအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်ပျံသန်းမှုသည် Long March ဒုံးပျံစီးရီး၏ ၅၄၂ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။(Xinhua)
………………………
(English Version)
China launches new remote-sensing satellite group
China launched a Long March-2C carrier rocket on Wednesday to place a new group of remote-sensing satellites in space.
The satellites of the Yaogan-43 03 group were launched at 9:09 a.m. (Beijing Time) from the Xichang Satellite Launch Center in the southwestern province of Sichuan and entered the preset orbit.
They will be mainly used for tests on new technologies for low-orbit constellations.
This was the 542nd flight mission of the Long March series rockets.
Xinhua News Agency correspondents reporting from Xichang, China. (XHTV)