Connect with us

Media

Yangon International Trade Expo 2024 ပြပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)
Yangon International Trade Expo 2024 ပြပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ Yangon Convention Center တွင် အောက်တိုဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင် မြန်မာနှင့် နိုင်ငံတကာမှ စိုက်ပျိုးရေးဆိုင်ရာ စက်ပစ္စည်းများအပြင် ဆိုလာ၊ အင်ဗာတာ၊ ဘက်ထရီနှင့် မီးစက် အစရှိသည့် စက်ပစ္စည်းများ၊ စီးပွားရေး လုပ်ငန်းများအတွက် အခြေခံကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ၊ ပြပွဲအတွင်း အိမ်ရာ ကွန်ဒိုများကိုပါ တစ်စုတစ်ဝေးတည်း လေ့လာဝယ်ယူနိုင်မှာဖြစ်ပြီး ပညာရေးကဏ္ဍ ၊ ကျန်းမာရေးကဏ္ဍဆိုင်ရာ ပြခန်းများ စုစုပေါင်း ၁၀၀ ကျော် ထည့်သွင်း ကျင်းပလျက်ရှိကြောင်း သိရသည်။(Xinhua)