Connect with us

Media

တရုတ်နိုင်ငံက BRICS အဖွဲ့တွင် ပါဝင်ရန် အခြားသော စိတ်တူကိုယ်တူ မိတ်ဖက်နိုင်ငံများကို ကြိုဆိုလျက်ရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
ပွင့်လင်း၍ အလုံးစုံလွှမ်းခြုံပါဝင်သော ယန္တရားတစ်ရပ်ဖြစ်သည့် BRICS အဖွဲ့တွင် ပါဝင်ရန် အင်ဒိုနီးရှား အပါအဝင် အခြားသော စိတ်တူကိုယ်တူ မိတ်ဖက်နိုင်ငံများကို တရုတ်နိုင်ငံက လှိုက်လှဲစွာကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က အောက်တိုဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။
အင်ဒိုနီးရှားအနေဖြင့် BRICS အဖွဲ့တွင် ပါဝင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း၊ BRICS အဖွဲ့အား ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အကျိုးစီးပွားအတွက် ရပ်တည်ပေးသော မဟာဗျူဟာမြောက် ပလက်ဖောင်းတစ်ခုအဖြစ် ရှုမြင်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက ပြီးခဲ့သည့်သီတင်းပတ်၌ ပြောကြားခဲ့ပြီးနောက် လျင်၏ ပြောကြားချက် ထွက်‌‌‌ပေါ်လာခြင်းဖြစ်သည်။
စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ ဘုံအကျိုးစီးပွားကို ထိန်းသိမ်းရာတွင် ထွန်းသစ်စဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်သည့် BRICS ပူးပေါင်းဆောင်ရွက်ရေး ယန္တရားက နိုင်ငံတကာရေးရာများတွင် အပြုသဘောဆောင်၍ ခိုင်မာသော အင်အားတစ်ရပ်အဖြစ် အစဉ်ထာဝရ ပေါ်ထွန်းလာခဲ့သည်ဟုလည်း လျင်က ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း BRICS Plus ပူးပေါင်းဆောင်ရွက်မှုတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည့် အရေးပါသော အဓိက ဖွံ့ဖြိုးဆဲနိုင်ငံနှင့် စီးပွားရေးထွန်းသစ်စ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း လျင်က ဖြည့်စွက်ပြောကြားခဲ့သည်။
“BRICS အဖွဲ့ဟာ ပွင့်လင်းပြီး အလုံးစုံလွှမ်းခြုံပါဝင်တဲ့ ယန္တရားတစ်ခုဖြစ်တဲ့အတွက် BRICS မိသားစုထဲမှာ ပါဝင်ဖို့ အင်ဒိုနီးရှား အပါအဝင် နောက်ထပ် စိတ်တူကိုယ်တူ မိတ်ဖက်နိုင်ငံတွေကိုလည်း မိမိတို့အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)
……………………….
(English Version)
China welcomes more like-minded partners to join BRICS: spokesperson
BEIJING, Oct. 28 (Xinhua) — China welcomes more like-minded partners, including Indonesia, to join BRICS, which is an open and inclusive mechanism, foreign ministry spokesperson Lin Jian said on Monday.
Lin’s remarks came after Indonesian Foreign Minister Sugiono last week expressed Indonesia’s commitment to joining BRICS, viewing it as a strategic platform to advocate for the interests of developing nations and the Global South.
Lin said that as an important platform for emerging markets and developing countries to enhance solidarity and cooperation and uphold common interests, the BRICS cooperation mechanism has become a positive and stable force for good in international affairs.
Indonesia is an important major developing country and emerging economy, which has actively involved itself in “BRICS Plus” cooperation in recent years, he added.
“BRICS is an open and inclusive mechanism, and we welcome more like-minded partners, including Indonesia, to join the BRICS family,” said the spokesperson. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.