Connect with us

Media

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံက ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံက ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနားတစ်ရပ်အား နေပြည်တော်၌ အောက်တိုဘာ ၂၉ ရက်တွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားတွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆယ်စုနှစ်ကြာ ကတိကဝတ်များ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် စုပေါင်းလုပ်ဆောင်မှုများအား အလေးပေးဖော်ပြခဲ့သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုသုတေသနအတွက် မြန်မာနိုင်ငံအား တရုတ်သိပ္ပံအကယ်ဒမီ (CAS) က ငွေကြေးနှင့် နည်းပညာ ပံ့ပိုးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးတွင် အပြန်အလှန်လေ့လာမှုများအတွက် ဆယ်စုနှစ်ကြာ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုက အဖိုးတန်သော အခွင့်အလမ်းများနှင့် အတွေ့အကြုံများအား ပေးအပ်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူးကြီး Zheng Zhihong က လွန်ခဲ့သော ၁၀ နှစ်တာကာလအတွင်း ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်မှုက အကျိုးများသောရလဒ်များ ရရှိခဲ့သည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့က အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနအဖွဲ့အစည်းအား ထူထောင်ခဲ့ပြီး ကြီးမားသော သိပ္ပံဆိုင်ရာ လေ့လာစူးစမ်းမှု ကိုးခု လုပ်ဆောင်ခဲ့ကာ မျိုးစိတ်ပေါင်း သောင်းနှင့်ချီ၍ စုဆောင်းမှတ်တမ်းတင်ခဲ့ကြောင်းနှင့် စာတမ်း ၁၀၀ ကျော် ထုတ်ဝေခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ တရုတ်-မြန်မာ နှစ်နိုင်ငံမှ တာဝန်ရှိသူများ၊ သုတေသီများအပါအဝင် တက်ရောက်သူ ၁၀၀ ခန့် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.