Connect with us

Media

လက်ဘနွန်-အစ္စရေး တင်းမာမှုအခြေအနေအား လျှော့ချရေးအတွက် အရေးတကြီးလုပ်ဆောင်ရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် တိုက်တွန်း

ကုလသမဂ္ဂ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

လက်ဘနွန်-အစ္စရေး တင်းမာမှုအခြေအနေအား လျှော့ချရေးအတွက် အရေးတကြီး လုပ်ဆောင်ကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား ‌အောက်တိုဘာ ၂ ရက်တွင် တိုက်တွန်းခဲ့သည်။
“လုံခြုံရေးကောင်စီဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းတဲ့နေရာမှာ အဓိကတာဝန်ရှိပါတယ်” ဟု လက်ဘနွန်-အစ္စရေး အခြေအနေနှင့်စပ်လျဉ်း၍ ကျင်းပခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ ဖုက ပြောကြားခဲ့သည်။
လက်ရှိအခြေအနေအရ လုံခြုံရေးကောင်စီအနေဖြင့် အရေးတကြီး ဆောင်ရွက်မှုများကို လုပ်ဆောင်ရမည်ဖြစ်ကာ ဂါဇာဒေသ၌ အမြန်ဆုံးအပစ်အခတ်ရပ်စဲမှု ဖော်ဆောင်ရေး၊ အကြမ်းဖက်မှု သံသရာလည်ခြင်းကို ရပ်တန့်ရန်အတွက် လက်ဘနွန်-အစ္စရေး တင်းမာမှုအခြေအနေကို လျှော့ချရေး၊ တိုက်ပွဲများ ကျယ်ပြန့်မလာအောင် ထိန်းသိမ်းရန်အတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်ရေး၊ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် နိုင်ငံရေးနှင့် သံတမန်နည်းလမ်းအရ ဖြေရှင်းမှုများဆီသို့ ပြန်လည်ဦးတည်ရေး စသည့် ရှင်းလင်းပြတ်သားသော တောင်းဆိုမှုများကို တညီတညွတ်တည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိအခြေအနေမှာ အလွန်စိုးရိမ်စရာကောင်းကြောင်း ဖုက သတိပေးခဲ့ကာ မတုန်မလှုပ်ဘဲ နှောင့်နှေးကြန့်ကြာမှုမှန်သမျှက တာဝန်မဲ့ခြင်းသာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ စစ်ရေးအရ တစ်ဇွတ်ထိုးလုပ်ဆောင်သည့်ဝါဒအား ထပ်မံလျစ်လျူရှုသည့် ပြောဆိုမှုမှန်သမျှက လွဲမှားစွာ သတင်းစကားပါးခြင်းသာဖြစ်ပြီး ပြင်းထန်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်ကြောင်း ဖုက ဆိုသည်။
“ဩဇာလွှမ်းမိုးနိုင်တဲ့ အင်အားကြီးနိုင်ငံတွေဟာ ဟန်ဆောင်မှုကင်းပြီး တာဝန်သိတဲ့ စိတ်နေသဘောထားကို လက်ကိုင်ပြုပြီး အခြေအနေ ပိုမိုတင်းမာလာခြင်းမရှိအောင် တားဆီးရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ အင်တိုက်အားတိုက် ပါဝင်လာမယ်လို့ မိမိတို့ မျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ပဋိပက္ခကြောင့် မကြုံဖူးလောက်သော လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေခဲ့ကာ ဂါဇာဒေသမှာ လောကငရဲဘုံတစ်ခု ဖြစ်လာခဲ့ပြီး လက်ဘနွန်နိုင်ငံတွင်လည်း အရပ်ဘက်အဆောက်အအုံများ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှု၊ လူထောင်နှင့်ချီ သေကျေပျက်စီးမှု၊ လူတစ်သန်းကျော် အိုးအိမ်စွန့်ခွာရမှုတို့ကို ဖြစ်ပေါ်စေခဲ့သည်ဟု ဖုက အလေးအနက်ပြောကြားခဲ့သည်။
ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် ဘက်အသီးသီးကိုလည်း အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေ၏ အနီရောင်စည်းများကို လေးစားကာ အရပ်သားများအား အကာအကွယ်ပေးရေးကို အင်တိုက်အားတိုက် လုပ်ဆောင်ရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က တိုက်တွန်းခဲ့သည်။

လက်ဘနွန်နိုင်ငံရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့၏ ဘက်မလိုက်မှုကို လေးစားရန်၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ၏ ဘေးကင်းလုံခြုံမှုရှိရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် အရေးပါပုံတို့ကိုလည်း ဖုက ထပ်လောင်းပြောကြားခဲ့သည်။ “ကုလသမဂ္ဂရဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ဝန်ထမ်းတွေဟာ လက်နက်ကိုင်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်မဖြစ်သင့်ပါဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………
(English Version)
Chinese envoy urges actions to deescalate Lebanese-Israeli situation
UNITED NATIONS, Oct. 2 (Xinhua) — A Chinese envoy on Wednesday called on the UN Security Council to take urgent actions to deescalate the Lebanese-Israeli situation.
“The Security Council bears the primary responsibility for the maintenance of international peace and security,” Fu Cong, China’s permanent representative to the United Nations, said in remarks at the Security Council briefing on the Lebanese-Israeli situation.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.