Connect with us

Media

အစ္စရေး၏ လက်တုံ့ပြန်မှုမှန်သမျှကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု အီရန် ထိပ်တန်းစစ်ဗိုလ်ချုပ် သတိပေး

တီဟီရန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ၏ မဆင်မခြင် လုပ်ရပ်မှန်သမျှက အီရန်နိုင်ငံ၏ ပြင်းထန်ပြီး ပျက်သုဉ်းစေသော တုံ့ပြန်မှုကို ဖြစ်‌ပေါ်စေမည်ဖြစ်ကြောင်း အီရန်စစ်တပ်၏ အကြီးတန်းတာဝန်ရှိသူတစ်ဦးက သတိပေးခဲ့သည်ဟု အီရန်အစိုးရနှင့် တစ်စိတ်တစ်ပိုင်း ဆက်နွှယ်နေသည့် Mehr သတင်းဌာနက အောက်တိုဘာ ၅ ရက်၌ ဖော်ပြခဲ့သည်။အီရန်နိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံ၏ ရန်စသောလုပ်ရပ်များကို ကြုံတွေ့ခဲ့စဉ်က သည်းခံမှုကို ပြသခဲ့ပြီးဖြစ်သော်လည်း သင့်လျော်သည့်အချိန်တွင် ထိထိမိမိဖြင့် ပျက်သုဉ်းစေသော ထိုးနှက်မှုကို ပြုလုပ်ရန် အသင့်ရှိနေကြောင်း အီရန်စစ်တပ်၏ တပ်မှူးချုပ် အက်ဘ်ဒိုရာဟင် မူဆာဗီက ပြောကြားခဲ့သည်ဟု Mehr သတင်းဌာနက ဖော်ပြခဲ့သည်။”ရန်သူက အမှားတစ်ခုခုကျူးလွန်တာနဲ့ ကျွန်တော်တို့ဘက်က လက်တုံ့ပြန်မယ့် အတိုင်းအတာက ပြီးခဲ့တဲ့တစ်ကြိမ် တိုက်ခိုက်မှုထက် ပိုပြီးပြင်းထန်ပါလိမ့်မယ်” ဟု အစ္စရေးနိုင်ငံက လက်တုံ့ပြန်မည့် ခြိမ်းခြောက်မှုများကို မူဆာဗီက ယခုသီတင်းပတ်အစောပိုင်းတွင် တုံ့ပြန်ပြောကြားခဲ့သည်။ဟားမက်စ်အဖွဲ့၊ ဟစ်ဇ်ဘိုလာအဖွဲ့ တို့၏ ခေါင်းဆောင်များနှင့် အီရန်စစ်တပ်၏ အကြီးတန်းတပ်မှူးတစ်ဦး အပါအဝင် အထင်ကရ ပုဂ္ဂိုလ်အချို့အား အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟုဆိုသော ဖြစ်စဉ်များအတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု အခိုင်အမာပြောကြားလျက် အောက်တိုဘာ ၁ ရက်တွင် အီရန်နိုင်ငံက အစ္စရေးနိုင်ငံရှိ ပစ်မှတ်များအား ဒုံးကျည် အစင်း ၁၈၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့သည်။ အစ္စရေးနိုင်ငံက လက်ဘနွန်နှင့် ပါလက်စတိုင်း ပြည်သူများအား တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေခြင်းက ထိုကဲ့သို့ လက်တုံ့ပြန်တိုက်ခိုက်ရသည့် အကြောင်းရင်းတစ်ရပ် ဖြစ်သည်ဟုလည်း အီရန်နိုင်ငံက ပြောကြားခဲ့သည်။အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုကမူ အီရန်သည် အမှားကြီးတစ်ခု ကျူးလွန်မိခဲ့ပြီဖြစ်ကြောင်း၊ ယင်းအတွက် ပြန်လည်ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်က ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
Iranian top general warns of “harsh” response to any Israeli retaliation
TEHRAN, Oct. 5 (Xinhua) — A senior Iranian military official warned that any “unconsidered action” by Israel would provoke a “harsh and destructive” response from Iran, semi-official Mehr news agency reported on Saturday. Chief Commander of the Iranian Army Abdolrahim Mousavi said Iran has shown patience in the face of Israel’s “hostile” actions but is prepared to deliver a “precise and destructive” blow at the appropriate time, according to Mehr. “If the enemy makes any mistake, the level of our response will be higher than the previous attack,” Mousavi said earlier this week, responding to Israeli threats of retaliation. Iran launched approximately 180 missiles at Israeli targets on Tuesday, claiming it was in response to Israel’s alleged assassinations of several high-profile figures, including Hamas and Hezbollah leaders, and a senior Iranian military commander. Iran also cited Israel’s intensified military actions against Lebanese and Palestinians as a reason for the attack. Israeli Prime Minister Benjamin Netanyahu said on Tuesday that Iran “made a big mistake” and “will pay for it.” EnditemEnglish CaptionThis photo taken on Sept. 21, 2024 shows a military parade in Tehran, capital of Iran. (Xinhua/Shadati)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.