Connect with us

Media

မြန်မာနိုင်ငံ တန်ဆောင်တိုင်ပွဲတော်တွင် အများပြည်သူများ ပါဝင်ဆင်နွှဲ

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရွှေတိဂုံစေတီတော်မြတ်၌ တန်ဆောင်တိုင်ပွဲတော်ကာလတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့သလို ပြည်သူ့ရင်ပြင်တွင်လည်း မီးရှူးမီးပန်းများပစ်ဖောက်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ခြင်းတို့ဖြင့် တန်ဆောင်တိုင်ပွဲတော် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ ယခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ဆွမ်းကပ်လှူခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် သစ်သီးဝလံပန်းမန်များ ကပ်လှူပူဇော်ခြင်း အစရှိသဖြင့် ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် ပြည့်နှက်စည်ကားခဲ့ကြောင်းသိရသည်။
ရန်ကုန်မြို့ရှိ ဗိုလ်တထောင်စေတီတော်နှင့် ရွှေတိဂုံစေတီတော်မြတ်တို့တွင် ကုသိုလ်ပြုကြသူများ၊ ပြည်သူ့ရင်ပြင်တွင် တန်ဆောင်တိုင်ပွဲတော် မီးရှူးမီးပန်းများပစ်ဖောက်ခြင်း စသည့်မြင်ကွင်းများကို နိုဝင်ဘာ ၁၅ ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ (Xinhua)