Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ တရုတ်သီချင်းဆိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ တရုတ်သီချင်းဆိုပြိုင်ပွဲ Grand Final ဖျော်ဖြေမှုနှင့် ဆုပေးပွဲအား နိုဝင်ဘာ ၂၄ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
တရုတ်သီချင်းဆိုပြိုင်ပွဲအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် Center for Language Education and Cooperation မှ ကြီးမှူးကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်များ၏ အသက်အရွယ်အလိုက် ကလေး ၊ လူငယ်၊ လူကြီးဟူ၍ အဆင့်သုံးမျိုး ခွဲခြား ယှဉ်ပြိုင်ခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ တရုတ်စာသင်ကျောင်းများမှ ပြိုင်ပွဲဝင်ဦးရေ ၁၀၀ ကျော်အနက် ၄၅ ဦးအား ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း ပွဲစီစဉ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါဆုများတွင် ပထမဆု ၂ ဆု၊ ဒုတိယဆု ၄ ဆု၊ တတိယဆု ၆ ဆုအပြင် အလားအလာအကောင်းဆုံးဆု၊ တင်ဆက်မှုအကောင်းဆုံးဆုနှင့် လူကြိုက်အများဆုံးဆု အစရှိသည့် အထူးဆုများလည်း ပါဝင်ကာ ယင်းဆုအမျိုးအစားအားလုံးကို အဆင့်သုံးမျိုးလုံးအတွက် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ ဂီတမှတစ်ဆင့် တရုတ် မြန်မာချစ်ကြည်ရင်းနှီးမှုအစဉ်အလာကို ဂုဏ်ပြုကာ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးကိုတိုးမြှင့်စေရန်နှင့် တရုတ်ယဉ်ကျေးမှုကို နားလည်သဘောပေါက်စေရန်၊ စင်မြင့်ထက်တွင် မိမိတို့၏အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန်တို့ ဖြစ်ကြောင်း သိရသည်။
တရုတ်-မြန်မာနှစ်နိုင်ငံသည် ပထဝီဝင်အနေအထားအရနယ်မြေခြင်းထိစပ်လျက်ရှိပြီး ချစ်ခင်ရင်းနှီးသောဆက်ဆံမှုများရှိကြောင်း ၊ နှစ်နိုင်ငံကြား ယဉ်ကျေးမှုချင်းလည်း နီးစပ်ဆက်နွှယ်နေကြောင်း၊ တရုတ်သီချင်းဆိုပြိုင်ပွဲက ခေတ်သစ် တရုတ်မြန်မာနှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးတွင် သက်ဝင်လှုပ်ရှားသည့် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ရှိနေမည်ဖြစ်ကြောင်း သိရသည်။
တရုတ်သီချင်းဆိုပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.