Media
တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ပေးသည့် သင်တန်းက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍအား အကျိုးပြု
ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့လယ်ရှိ တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ပေးထားသည့် သင်တန်းအစီအစဉ်က ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်တိုးတက်လာစေရေးအတွက် ခရီးသွားလုပ်ငန်း နယ်ပယ်အတွင်း အသက်မွေးဝမ်းကျောင်းပြုသူများအား ကျွမ်းကျင်မှုနှင့် အသိပညာ အဆင့်မြင့်မွမ်းမံမှုများ ပံ့ပိုးပေးခဲ့သည်။ အစီအစဉ်များတွင် ဒစ်ဂျစ်တယ်နည်းပညာ စွမ်းရည် မြှင့်တင်ရေးသင်တန်း၊ ခရီးသွားအော်ပရေတာများနှင့် ဧည့်လမ်းညွှန်များနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုများအတွက် သင်တန်းများ ပါဝင်သည့် ဘာသာရပ်သင်တန်း ၇ မျိုး ပါဝင်ခဲ့သည်။ ယင်းအစီအစဉ်များအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) မှ ငွေကြေး ထောက်ပံ့ပေးခဲ့ပြီး မြန်မာခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ စီစဉ်ဖွင့်လှစ်ခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၂ ရက်တွင် ပြီးဆုံးခဲ့သော ၁၀ ရက်ကြာ ခရီးသွားဝန်ဆောင်မှုနှင့် ခရီးစဉ်စီစဉ်ရောင်းချခြင်းဆိုင်ရာ သင်တန်းတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျောင်းသား/သူများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားအော်ပရေတာများ အပါအဝင် သင်တန်းသား/သူ ၅၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။ (Xinhua)