Connect with us

Media

မြန်မာနိုင်ငံက ၇ ကြိမ်မြောက် CLMV ခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့် အစည်းအဝေး အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၇ ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) ခရီးသွားလုပ်ငန်း ဝန်ကြီးများအဆင့် အစည်းအဝေးအား နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့၌ လက်ခံကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးက ရည်မှန်းထားသည့် ဈေးကွက်များမှ CLMV နိုင်ငံများအထိ မီဒီယာနှင့် ပုဂ္ဂလိက ကဏ္ဍများအတွက် အဖွဲ့အစည်းဆိုင်ရာ ခရီးစဉ်များ၊ CLMV ခရီးသွားလုပ်ငန်း website သို့မဟုတ် သတင်းအချက်အလက် database ပူးတွဲထူထောင်ခြင်း၊ နိုင်ငံတကာ ခရီးသွားလုပ်ငန်းအစီအစဉ်များ၊ ခရီးသွားလုပ်ငန်းပြပွဲနှင့် ပြခန်းများ လက်ခံကျင်းပခြင်း၊ ပါဝင်ခြင်း၊ လူမှုကွန်ရက်ပလက်ဖောင်းများမှတစ်ဆင့် ကုန်ကျစရိတ်သက်သာသော ပူးတွဲ ဒစ်ဂျစ်တယ် ဈေးကွက်ရှာဖွေရေးနှင့် ဈေးကွက်မြှင့်တင်ရေး လှုပ်ရှားမှုများ အသုံးချဆောင်ရွက်ခြင်း အပါအဝင် ပူးတွဲခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် ဈေးကွက်ရှာဖွေရေးတို့အား အဓိကဆွေးနွေးခဲ့သည်။ ၈ ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) ခရီးသွားလုပ်ငန်း ဝန်ကြီးများအဆင့်နှင့် အဆင့်မြင့်အရာရှိများအစည်းအဝေးအား ၂၀၂၆ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.