Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့ ဒလမြို့နယ်အတွင်း မိုးစပါး ရိတ်သိမ်းနေမှုနှင့် လယ်ယာလုပ်ငန်းခွင်ဝင်နေကြသူများ

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ ဒလမြို့နယ်အတွင်း မိုးစပါး ရိတ်သိမ်းနေမှုနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြသူများ ဒီဇင်ဘာ ၄ ရက်က ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။
မိုးစပါးသည် မိုးရေကိုအားထားကာ မေလမှ စက်တင်ဘာလကုန်အထိ စိုက်ပျိုးသောစပါးဖြစ်ကြောင်း သိရသည်။ ယခုအခါ စပါးများ ရိတ်သိမ်းကြရာတွင် အများစုမှာ စပါးရိတ်သိမ်းခြွေလှေ့စက် (Combine Harvester) များ အသုံးပြုပြီး ရိတ်သိမ်းခြွေလှေ့ကြပြီဖြစ်ကာ အချိန်ကုန်သက်သာခြင်း၊ အလေ အလွင့်နည်းပါးခြင်း၊ ဆန်အရည်အသွေးကောင်းမွန်ခြင်း၊ လူလုပ်အားအစားထိုးနိုင်ခြင်း၊ စီးပွားရေးတွက်ခြေကိုက်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း သိရသည်။ (Xinhua)