Connect with us

Media

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကကြီးမှူးပြီး မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော် အခမ်းအနားကျင်းပ

ရန်ကုန် ဧပြီ ၁၄ ရက် (ဆင်ဟွာ)

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်အဖွဲ့ (Myanmar Cultural Heritage Trust) နှင့် စိမ်းလန်းစိုပြည် ဂါးဒင်းတို့ ပူးပေါင်းကျင်းပသည့် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်၊ ဇီဝိတဒါန ငါးလွှတ်ပွဲ၊ စတုဒီသာ ကျွေးမွေးပွဲနှင့် သင်္ကြန်ယိမ်း အကအလှ ဖျော်ဖြေပွဲ အခမ်းအနားကို ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့ ) ညနေပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းလျားကန်အနီးရှိ စိမ်းလန်းစိုပြည် ဥယျာဉ်အတွင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) မှ အဖွဲ့ဝင်များ၊ စိမ်းလန်းစိုပြည် ဂါးဒင်းမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် သင်္ကြန်ချစ်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)