Connect with us

Media

၂၀၂၄ ခုနှစ် မေ ၂၉ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းကောက်နုတ်ချက်

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် မေ ၂၉ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။
၁။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိ
၂။ မြန်မာနိုင်ငံက တရုတ်နိုင်ငံထံ အွန်လိုင်းလိမ်လည်မှု သံသယရှိသူ ၄၉,၀၀၀ လွှဲပြောင်းခဲ့
၃။ ဥဇဘက်ကစ္စတန်၊ ရုရှား ခေါင်းဆောင်တို့ တာ့ရှ်ကန့်မြို့၌ တွေ့ဆုံ
၄။ တရုတ်ပြည်တွင်းထုတ် သဘာဝဓာတ်ငွေ့အရည်တင်သင်္ဘောကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း တာ့လျန်မြို့တွင် ထုတ်ဖော်ပြသ
၅။ အိန္ဒိယနိုင်ငံတွင် မီးလောင်မှုဖြစ်ပွားခဲ့သော ကလေးစောင့်ရှောက်ရေးဂေဟာက တရားမဝင်လုပ်ကိုင်နေသည်ဟု သံသယရှိ၊ တာဝန်ရှိသူအားဖမ်းဆီးထား
၆။ ရှေးဟောင်းပိုးလမ်းမပေါ် တရုတ်-အလယ်အာရှ ရှေးဟောင်းသုတေသန ပူးပေါင်းလုပ်ငန်းများက အကျိုးရလဒ်များ ဖြစ်ထွန်း
၇။ မြန်မာနိုင်ငံတွင် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများကို Facebook စာမျက်နှာများတွင် ရောင်းဝယ်သည့်လုပ်ငန်း (၁၆) ခုကို အရေးယူ
၈။ တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်တွင် လူနေအဆောက်အအုံပြိုကျမှုကြောင့် လူ ၄ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိ
၉။ တရုတ်နိုင်ငံအကူအညီဖြင့် ဂျော်ဒန်နိုင်ငံရှိ As-Salt အမြန်လမ်း အဆင့်မြှင့်တင်ရေးနှင့် ပြုပြင်မွမ်းမံရေး စီမံကိန်း၏ အဓိကတည်ဆောက်မှု ပြီးစီး
၁၀။ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)”(REMAL) ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူ ၁၀ ဦး သေဆုံး
၁၁။ ရေထဲမှာ ပျော်ရွှင်မြူးထူးစွာဆော့ကစားနေသည့် ပန်ဒါကြီး
၁၂။ ပါပူအာနယူးဂီနီနိုင်ငံတွင် လက်ရှိဖြစ်ပွားနေဆဲ မြေပြိုကျမှုကြောင့် အမြောက်အမြား ရွှေ့‌ပြောင်းနေရဆဲဖြစ်
၁၃။ ရာဖာကို တိုက်ခိုက်ပြီးနောက် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုမလုပ်တော့ဟု ဟားမက်စ်ပြော
၁၄။ ထိုင်ဝမ်နှင့် ပတ်သက်သော အဆိုပြုချက်ကို ထပ်မံပယ်ချခဲ့သည့် ကမ္ဘာ့ကျန်းမာရေးညီလာခံ၏ ဆုံးဖြတ်ချက်ကို နိုင်ငံအများအပြားက ကိုယ်စားလှယ်များ ထောက်ခံ
၁၅။ China Eastern Airlines က နောက်ထပ် C919 လေယာဉ်ဖြည့်တင်း (Xinhua)