Connect with us

Media

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဇူလိုင် ၁ ရက်မှစ၍ ပေါ်ဆန်းမွှေးဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့်ရောင်းချမည်

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဇူလိုင် ၁ ရက်မှစ၍ ပေါ်ဆန်းမွှေးဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့်ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဇွန် ၂၅ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ အိမ်အရောက် ရောင်းချပေးမည့်နေရာများမှာ ရန်ကုန်နှင့် နေပြည်တော်၊ မန္တလေးမြို့တို့တွင် အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး မှာယူသည့်နေ့/ငွေပေးသွင်းပြီးချိန်မှစ၍ (၃)ရက်အတွင်း အရောက်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)