Media
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ ၃၄၉ သန်းကျော်ဖိုး မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ ၃၄၉ သန်းကျော်ဖိုးအား ယနေ့ (ဇွန် ၂၆ ရက်) တွင် ကျရောက်သော (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ယနေ့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တောင်ကြီးမြို့တို့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ အဆိုပါ သုံးနေရာတွင် မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများ၏ ကာလပေါက်စျေးသည် မြန်မာကျပ်ငွေ စုစုပေါင်း ၁,၁၆၃ ဒသမ ၆၄၈၀ ဘီလီယံဖြစ်ပြီး အမေရိကန် ဒေါ်လာတန်ဖိုးအနေဖြင့် ၃၄၉ ဒသမ ၄၄၃ သန်း ရှိကြောင်း သိရသည်။ (Xinhua)