Connect with us

Media

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်မည့် မြန်မာနိုင်ငံ သမ္မတဟောင်း ဦးသိန်းစိန်အား သံအမတ်ကြီး Mr. Chen Hai ပို့ဆောင်နှုတ်ဆက်

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် ဇွန် ၂၇ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက်မည့် မြန်မာနိုင်ငံ သမ္မတဟောင်း ဦးသိန်းစိန်အား နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်မည့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံ ပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု၏သမီး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု တို့လည်း အတူတကွ လေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ကြသည်။ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ဝင်များလည်း အဆိုပါလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ဇွန် ၂၆ ရက်တွင် သံအမတ်ကြီး Mr. Chen Hai သည် နေပြည်တော်၌ သမ္မတဟောင်း ဦးသိန်းစိန်အား သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ သမ္မတဟောင်း ဦးသိန်းစိန်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်း သံရုံး ထုတ်ပြန်မှုအရ သိရသည်။ (Xinhua)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.