Connect with us

Media

မြန်မာနိုင်ငံတွင် ခြောက်လနီးပါးကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁,၃၀၉ ဦး ရှိ

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၁၅ ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁,၃၀၉ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှ ဒေါက်တာ သန်းနိုင်စိုးက ဆင်ဟွာကို ဇွန် ၂၆ ရက်၌ ပြောကြားခဲ့သည်။
ယခုနှစ်သွေးလွန်တုပ်ကွေးဖြစ်ပွားမှုက ယခင်နှစ်များ အလားတူကာလများနှင့် နှိုင်းယှဉ်ပါက တစ်နိုင်ငံလုံးအနေဖြင့် လျော့နည်းသွားကြောင်း ဒေါက်တာ သန်းနိုင်စိုးက ပြောခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၄၂၆ ဦး၊ မွန်ပြည်နယ်တွင် ၂၈၂ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၅၅ ဦး ရှိကြောင်း၊ အဆိုပါ ရောဂါကြောင့် သေဆုံးသူအနေဖြင့် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး စသည့်တိုင်းဒေသကြီးများတွင် တစ်ဦးစီရှိကြောင်း ဒေါက်တာ သန်းနိုင်စိုး၏ ပြောကြားချက်အရ သိရသည်။
သွေးလွန်တုပ်ကွေးလက္ခဏာများတွင် ရုတ်တရက် ခန္ဓာကိုယ်အပူချိန်မြင့်တက်ကာ ဖျားနာခြင်း ပါဝင်သလို အသက် ၅ နှစ်မှ ၉ နှစ်အတွင်းရှိ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၌ အများဆုံးဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအသိပညာ မြှင့်တင်ပေးခြင်း၊ နေအိမ်များရှိ ခြင်ခိုအောင်းနိုင်သောနေရာများတွင် ခြင်ဆေးဖျန်းခြင်း၊ ဆေးခန်း၊ ဆေးရုံများတွင် သွေးလွန်တုပ်ကွေး ဖျားနာလူနာများကို ကုသပေးရန် လိုအပ်သော ဆေးဝါးများ၊ ပစ္စည်းကိရိယာများ ကောင်းမွန်စွာပြင်ဆင်ခြင်း စသည်တို့အပါအဝင် သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ချက်များ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Myanmar reports 1,309 cases of dengue fever in nearly 6 months
YANGON, June 26 (Xinhua) — Myanmar reported 1,309 cases of dengue fever and three fatalities from Jan. 1 to June 15 this year, according to the Ministry of Health on Wednesday.
The figure marks a significant reduction in the dengue outbreak rate compared to previous years, health ministry official Than Naing Soe told Xinhua.
Yangon Region recorded the highest number of cases with 426, followed by Mon State with 282 cases, and Mandalay Region with 155 cases, he said.
The three fatalities occurred in Yangon, Ayeyarwady, and Bago regions, he added.
Dengue fever symptoms include a sudden high fever and feeling unwell, most commonly affecting children aged five to nine and older people.
The official said measures have been taken against the disease, including raising public awareness, conducting anti-mosquito spraying in households, and ensuring that clinics and hospitals are well-prepared to treat dengue fever patients.
Photo: A worker wearing a face mask sprays anti-mosquito fog to fight against dengue fever in Yangon, Myanmar, July 29, 2023. (Photo by Myo Kyaw Soe/Xinhua)