Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ မြှင့်တင်ရန် ကုန်စည်ပြပွဲကျင်းပ

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ လျှပ်စစ်နှင့် စက်ယန္တရားများ၊ အစားအသောက်နှင့် အဖျော်ယမကာများ၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် စားသောက်ကုန်ကဏ္ဍများပါဝင်သည့် ကုန်စည်ပြပွဲကို ဇွန် ၂၈ ရက်တွင် စတင်ကျင်းပခဲ့သည်။ ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် ပြပွဲဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြဟန်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို မှီခိုနေရသည့် နိုင်ငံဖြစ်ကြောင်း၊ အဆိုပါကဏ္ဍများအတွက် နည်းပညာများ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာပါက ထုတ်လုပ်မှုနှင့် အရည်အသွေးသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြပွဲအတွင်း ဓာတ်မြေသြဇာများ၊ ဆေးဝါးများ၊ တိရစ္ဆာန်အစာများ၊ စပါးကြိတ်စက်များ၊ ဆက်စပ်အပိုပစ္စည်းများ၊ မွေးမြူရေးအစာထုတ်လုပ်သည့်စက်များ၊ ဆိုလာပြားများ၊ မီးစက်များ၊ ပြည်တွင်းထုတ် အစားအစာများနှင့် အဖျော်ယမကာများ ခင်းကျင်းပြသထားသည်။ ကုမ္ပဏီပေါင်း ၆၀ ကျော်နှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းပေါင်း ၃၀ ကျော်တို့ အပါအဝင် အဖွဲ့အစည်း ၉၀ ကျော်က ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း ၁၃၀ ကျော်ဖြင့် ပါဝင်လျက်ရှိကြောင်း သိရသည်။ (Xinhua)