Connect with us

Media

မြန်မာနိုင်ငံ မကွေးမြို့ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်လာ

မကွေး၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့် ဇူလိုင် ၁၅ ရက်အထိ အိမ်ထောင်စု ၃၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြရကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ရေဘေးသင့်ပြည်သူများကို ရပ်ကွက်ဓမ္မာရုံများနှင့် လမ်းနံဘေးနေရာလွတ်များတွင် ယာယီတဲထိုး၍ နေထိုင်ကြရကြောင်း သိရသည်။

မကွေးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြင်ကွင်းများကို ဇူလိုင် ၁၅ ရက်က ရိုက်ကူးဖော်ပြထားခြင်းဖြစ်ပါသည်။  (Xinhua)