Media
မြန်မာနိုင်ငံ အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်အချို့တွင် ရေလျှံမှုဖြစ်ပွား
အောင်လံ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သလို စာသင်ကျောင်းတချို့လည်း ခေတ္တပိတ်ထားရကြောင်း သိရသည်။
ထို့ပြင် အောင်လံမြို့ ကမ်းနားလမ်းမြေနိမ့်ပိုင်းနေရာများတွင်လည်း မြစ်ရေများဝင်ရောက်လာသဖြင့် ရေဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းနှင့် ဘုန်းကြီးကျောင်းများ၌ ပြောင်းရွေ့နေထိုင်နေကြရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
အောင်လံမြို့ရှိ နေရာအချို့တွင် ရေကြီးရေလျှံဖြစ်ပွားနေသည့် မြင်ကွင်းကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)