Connect with us

Media

တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သောရင်းနှီးမြှုပ်နှံမှု ပထမနှစ်ဝက်အတွင်း တည်ငြိမ်စွာတိုးတက်လျက်ရှိ

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သောရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ဆက်လက် တည်ငြိမ်စွာတိုးတက်လျက်ရှိကာ နည်းပညာမြင့်ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံငွေ အမြောက်အမြားဝင်ရောက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) က ဇူလိုင် ၁၅ ရက်၌ ဖော်ပြခဲ့သည်။
စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် ယွမ် ၂၄.၅၄ ထရီလီယံ (အ‌မေရိကန်ဒေါ်လာ ၃.၄၄ ထရီလီယံခန့်) ရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၃.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း NBS ထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီလမှ ဇွန်အတွင်း အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ယခင်နှစ် ကာလတူထက် ၅.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ စက်မှုကုန်ချောထုတ်လုပ်မှုတွင်လည်း ၉.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ အထူးသဖြင့် နည်းပညာမြင့်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၁၀.၆ ရာခိုင်နှုန်းအထိ အံ့ဩဖွယ်မြင့်တက်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် အိမ်ခြံမြေကဏ္ဍတွင်လည်း ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ မ‌ရွှေ့ပြောင်းနိုင်သော ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အိမ်ယာမြေဖော်ထုတ်မှု၌ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်မူ ၁၀.၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/VcS

…………………………
(English Version)
China’s fixed-asset investment maintains stable growth in H1
BEIJING, July 15 (Xinhua) — China’s fixed-asset investment continued stable growth in the first half of 2024, with high-tech sectors witnessing a robust capital influx, data from the National Bureau of Statistics (NBS) showed Monday.
Total investment rose 3.9 percent year on year to 24.54 trillion yuan (about 3.44 trillion U.S. dollars) during the period, the NBS said in a statement.
Investment in infrastructure construction went up 5.4 percent from a year ago during the January-June period, while manufacturing investment increased 9.5 percent. In particular, investment in high-tech industries posted a stellar increase of 10.6 percent in the period.
Excluding the property sector, which was still under adjustment, the country’s fixed-asset investment climbed 8.5 percent compared with a year earlier in H1. Meanwhile, investment in property development fell 10.1 percent.