Connect with us

Media

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီးတွင် မိုးကိုမျှော်နေသော မြေပဲ၊ နှမ်းစိုက်ခင်းများ

မကွေး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားသော မြေပဲ၊ နှမ်းစိုက်ခင်းများ သီးချိန်၊ ပွင့်ချိန် မိုးခေါင်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မိုးဦးကျမိုးဖြစ်သော မေ ၂၀ ရက်ကျော်က ရွာသွန်းခဲ့သောမိုးဖြင့် စိုက်ပျိုးခဲ့သည့် မြေပဲ၊ နှမ်း စိုက်ခင်းများမှာ ယခုအခါ သီးချိန်၊ ပွင့်ချိန်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး ဆယ်ရက်ခန့်မှစတင်ကာ ယခုအချိန်အထိ မိုးရွာသွန်းမှုမရှိကြောင်း၊ သီးချိန်ပွင့်ချိန်တွင် မိုးခေါင်နေခြင်းကြောင့် အထွက်နှုန်းကျဆင်းခြင်း၊ စိုက်ခင်းပျက်စီးခြင်းများ ကြုံတွေ့ရနိုင်ကြောင်း တောင်သူများက ဆိုသည်။
ယခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးစရိတ်များကုန်ကျမှုအနေဖြင့် ယခင်နှစ်များကထက် တစ်ဧကလျှင် ကျပ် လေးသိန်းဝန်းကျင်ခန့် ပိုမိုကုန်ကျထားကြောင်း ဒေသခံတောင်သူများက ပြောသည်။
မကွေးတိုင်းဒေသကြီးရှိ တောင်သူများအနေဖြင့် မြေပဲ၊ နှမ်းစိုက်ခင်းများအတွက် သဘာဝမိုးရေမျှော်ကာစိုက်ပျိုးကြခြင်းဖြစ်ပြီး မိုးမရွာခဲ့ပါက ရှေးအစဥ်အလာအရ ငါးရံ့မင်းပရိတ်ရွတ်ခြင်း၊ လွန်ဆွဲပွဲပြုလုပ်ခြင်း စသဖြင့် လုပ်ဆောင်လေ့ရှိကြကြောင်း သိရသည်။ (Xinhua)