Connect with us

Media

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှဦးဆောင်၍ သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ဆေးဝါးများရောင်းချပေးလျက်ရှိ

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှဦးဆောင်၍ ဆေးကုမ္ပဏီများက သုံးစွဲသူပြည်သူများထံ သင့်တင်မျှတသောဈေးနှုန်းများဖြင့် တိုက်ရိုက်ဆေးရောင်းချပွဲကို ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးရောင်းချပွဲကို ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် လမ်း ၃၀ လမ်းထောင့်ရှိ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်မှအပ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ) ရောင်းချပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် မိမိတို့လိုအပ်သော ဆေးဝါးများကို လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။ (Xinhua)