Media
မြန်မာနိုင်ငံ၌ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီးငါးရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲ ကျင်းပ
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး ငါးရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဇူလိုင် ၂၅ ရက်တွင် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ကြီးမှူးကျင်းပသော အဆိုပါဆွေးနွေးပွဲတွင် တရုတ်သံရုံးယာယီတာဝန်ခံ Cao Jing က လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ အတွင်း ငြိမ်ချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်က နိုင်ငံတကာဆက်ဆံရေး၏ ပွင့်လင်း၍ အားလုံးပါဝင်မှုရှိပြီး အများနှင့်လက်ခံသော အခြေခံသတ်မှတ်ချက်များနှင့် နိုင်ငံတကာဥပဒေ၏ အခြေခံမူများဖြစ်လာခဲ့ကြောင်း ပြောခဲ့သည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း နှစ်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးမှုကို အစဉ်အမြဲရင်ဝယ်ပိုက်လျက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို ကျင့်သုံးလျက်ရှိကြောင်း Cao က ဆိုသည်။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့၊ နိုင်ငံရေးပါတီများ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကိုယ်စားလှယ်များနှင့် အခြားဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)