Connect with us

Media

မြန်မာနိုင်ငံတောင်ပိုင်းတွင် နေရာအနှံ့ ရေကြီးရေလျှံမှုများကြောင့် လူအများအပြား ရေဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်

ပဲခူး၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများနှင့် ပြည်နယ်များတွင် နေရာအနှံ့ ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ ရေဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ရကာ အခြေခံအဆောက်အဦများ ရေနစ်မြုပ်နေခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့နယ်တွင် ရေကြီးရေလျှံဖြစ်ပွားနေမှုမြင်ကွင်းကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတောင်ပိုင်းရှိ ဧရာဝတီ၊ ပဲခူး၊ မွန်နှင့် ကရင်ပြည်နယ် လေးခုရှိ မြို့ပေါင်း ၁၃ မြို့မှ မြစ်ရေမျက်နှာပြင်သည် ဇူလိုင် ၂၉ ရက်တွင် ၎င်းတို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင် မကြာသေးမီရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု ၄,၇၉၃ စုမှ စုစုပေါင်း လူဦးရေ ၁၈,၂၁၀ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဇူလိုင် ၂၉ ရက်ကထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။ (Xinhua)