Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းမပေါ် ရေကျော်နေကာ လူအများ ငါးဖမ်းနေသည့်မြင်ကွင်း

ပဲခူး၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများနှင့် ပြည်နယ်များတွင် နေရာအနှံ့ ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ ရေဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ရကာ အခြေခံအဆောက်အဦများ ရေနစ်မြုပ်နေခဲ့ကြောင်း သိရသည်။ ပဲခူးမြို့နှင့် ဘုရားကြီးမြို့အကြား ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းမပေါ် တွင်ရေကျော်နေကာ လူအများ ငါးဖမ်းနေသည့် မြင်ကွင်းကို ဇူလိုင် ၂၉ ရက်က ရိုက်ကူးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတောင်ပိုင်းရှိ ဧရာဝတီ၊ ပဲခူး၊ မွန်နှင့် ကရင်ပြည်နယ်ရှိ မြို့ပေါင်း ၁၃ မြို့မှ မြစ်ရေမျက်နှာပြင်သည် ဇူလိုင် ၂၉ ရက်တွင် ၎င်းတို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)