Connect with us

Media

မြန်မာနိုင်ငံက တရုတ်နှစ်သစ်ကူးနေ့အား အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအစိုးရက တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ဇူလိုင်လ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံနယ်ပယ်အသီးသီးက တရုတ်နှစ်သစ်ကူးနေ့ကို အလွန်အလေးထားကြကြောင်း၊ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ တရုတ်နွယ်ဖွားလောကနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ရန်ကုန်မြို့မှာ အတူတကွကျင်းပတဲ့ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ဂုဏ်ပြုအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း၊ အဲဒီအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ဖို့ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ (Xinhua)